DVB Logo
Home
နိုင်ငံတကာ
တရုတ်က နျူကလီးယားစွမ်းအင်စက်ရုံ ၄၀ ကျော်ကို တပြိုင်တည်း တည်ဆောက်နိုင်ဟုဆို  
DVB
·
April 28, 2025
တရုတ်က နျူကလီးယားစွမ်းအင်စက်ရုံ ၄၀ ကျော်ကို တပြိုင်တည်း တည်ဆောက်နိုင်ဟုဆို  
Donate to DVB

တရုတ်နိုင်ငံဟာ နျူကလီးယား စွမ်းအင်သုံးစက်ရုံ ၄၀ ကျော်ကို တပြိုင်နက်တည်း တည်ဆောက်နိုင်တယ်လို့ တရုတ်နျူကလီးယားစွမ်းအင်အဖွဲ့ (CNEA) က ဧပြီ ၂၇ ရက်မှာ ထုတ်ပြန်တဲ့ တရုတ်နျူကလီးယားစွမ်းအင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီရင်ခံစာက ဖော်ပြထားပါတယ်။

ဟွာလောင်ဝမ်း နျူကလီးယားဓာတ်ပေါင်းဖိုတွေဟာ တရုတ်နိုင်ငံမှာသာမက ပြည်ပမှာပါ အလုံးအရင်းနဲ့ တည်ဆောက်မှုအဆင့်ထိ စျေးကွက်ဝင်လာတာနဲ့အမျှ နိုင်ငံရဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံတွေတည်ဆောက်နိုင်မှုစွမ်းရည်ဟာလည်း အဆက်မပြတ် တိုးတက်လာတယ်လို့ ၂၀၂၅ တရုတ် နျူကလီးယားစွမ်းအင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီရင်ခံစာက ဆိုပါတယ်။

၂၀၂၄ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ နျူကလီးယားစွမ်းအင်တည်ဆောက်ရေး ရင်းနှီးမြှုပ်နှံမှုဟာ ယွမ် ၁၄၆ ဒသမ ၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၁၆ ဘီလီယံခန့်)ရှိလာပြီး အရင်နှစ်ကထက် ယွမ် ၅၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇ ဒသမ ၁၄ ဘီလီယံခန့်) ပိုများလာခဲ့တာပါ။

ဒီတိုးတက်မှုဟာ အမှီအခိုကင်းတဲ့ သုတေသနပြုမှု၊ နည်းပညာဆန်းသစ်တီထွင်မှုနဲ့  ခေတ်မီနျူကလီးယားတည်ဆောက်ရေး နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးမှာ တရုတ်ရဲ့ ခိုင်မာတဲ့ကြိုးပမ်းမှုရဲ့  တိုက်ရိုက်ရလဒ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီတိုးတက်မှုတွေနဲ့အတူ တရုတ်နိုင်ငံရဲ့ နျူကလီးယားစွမ်းအင်တည်ဆောက်မှု အတိုင်းအတာ ပမာဏ၊ ဘေးကင်းမှုနဲ့ အရည်အသွေးဟာ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်တဲ့ စံနှုန်းတွေအထိ ရှိလာခဲ့တယ်လို့  တရုတ်အစိုးရအာဘော် CCTV သတင်းမှာ ဖော်ပြပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013