
နော်တင်ဟမ်ကို အနိုင်ရခဲ့တဲ့ မန်စီးတီးအသင်းဟာ အင်္ဂလန် အက်ဖ်အေဖလားဗိုလ်လုပွဲကို ၃ ကြိမ်ဆက်တိုက် တက်ရောက်သွားပါတယ်။
ဧပြီ ၂၇ ရက် မနေ့က ကစားသွားတဲ့ နောင်တင်ဟမ်နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာ မန်စီးတီးအသင်းက တိုက်စစ်မှူး ဟာလန်းအပါအဝင် ဒီဘရိုင်၊ ဖိုဒမ်၊ ဂွမ်ဒိုဂမ် တို့လို အဓိက ကစားသမားတွေကို ပွဲထွက်အသုံးပြုခြင်းမရှိခဲ့ပေမဲ့ ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာပါ။
မန်စီးတီးအတွက် ဂိုးတွေကို ပွဲချိန် ၂ မိနစ်မှာ ရီကိုလူးဝစ်နဲ့ ပွဲချိန် ၅၂ မိနစ်မှာ ဂဗာဒီယိုတိုက သွင်းယူခဲ့တာပါ။
တဖက် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့က အက်စ်တန်ဗီလာကို ၃ ဂိုးပြတ် အနိုင်ရခဲ့လို့ ဗိုလ်လုပွဲမှာ မန်စီးတီးနဲ့ ခရစ္စတယ်ပဲလေ့တို့ တွေ့ဆုံမှာပါ။
အက်ဖ်အေဖလား ဗိုလ်လုပွဲကို လာမယ့် မေ ၁၇ ရက်နေ့ ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။