DVB Logo
Home
နိုင်ငံတကာ
ပူတင် တကယ်ငြိမ်းချမ်းရေးမလိုလားဟု ထရမ့်ပ် ဝေဖန်
DVB
·
April 27, 2025
ပူတင် တကယ်ငြိမ်းချမ်းရေးမလိုလားဟု ထရမ့်ပ် ဝေဖန်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အမှန်တကယ် လိုလားရဲ့လားဆိုတာ မေးခွန်းထုတ်ခဲ့ပါတယ်။ 

ရောမမြို့က မထွက်ခွာမီ ထရမ့်ပ်က ပူတင်ကို ဝေဖန်တဲ့ပို့စ်ကို ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။  

ယူကရိန်းမြို့တွေကို ရုရှားက တိုက်ခိုက်နေတာကို ကြည့်ရင် ပူတင်ဟာ စစ်ကို မရပ်ချင်တာ ဖြစ်နိုင်ပြီး၊ မိမိရဲ့ စည်းချက်အတိုင်း မျှောလိုက်နေတာဖြစ်နိုင်ကြောင်း၊ ဒါကြောင့် ဘဏ်လုပ်ငန်း ဒါမှမဟုတ် ဆင့်ပွားအရေးယူပိတ်ဆို့မှုတွေနဲ့ ကိုင်ရတော့မယ်လို့ ထရမ့်ပ်က မှတ်ချက်ချ ခဲ့တာဖြစ်ပါတယ်။   

ထရမ့်ပ်ဟာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ရဲ့ စျာပနအခမ်းအနား တက်ရောက်ရင်းနဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးနဲ့ တွေ့ဆုံခဲ့အပြီးမှာ အခုလို မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။ 

ဧပြီလ ၂၆ ရက်နေ့ အစောပိုင်းက ပုပ်ရဟန်းမင်းကြီး စျာပန မစတင်မီ ထရမ့်နဲ့ ဇလန်းစကီးဟာ စိန့်ပီတာ ဘုရားရှိခိုးကျောင်းကြီးထဲမှာ ဆွေးနွေးခဲ့ကြပါတယ်။ ဇလန်းစကီးနဲ့ ၁၅ မိနစ်ကြာ ဆွေးနွေးမှုဟာ အင်မတန်အကျိုးရှိခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

ဇလန်းစကီးကလည်း ဒီဆွေးနွေးပွဲဟာ သမိုင်းဝင်ဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။ ဒါဟာ ဖေဖော်ဝါရီလက ဘဲဥပုံရုံးခန်းမှာ အချေအတင် ဖြစ်ခဲ့ကြပြီးနောက်ပိုင်း သူတို့နှစ်ဦး ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့တာ ဖြစ်ပါတယ်။ 

ထရမ့်ရဲ့ ကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်နဲ့ ပူတင်တို့ သောကြာနေ့က တွေ့ဆုံခဲ့အပြီး အစောပိုင်းမှာတော့ ရုရှားနဲ့ ယူကရိန်းအကြား သဘောတူညီချက်ရဖို့ အင်မတန်နီးစပ်နေပြီလို့ ပြောခဲ့ပါသေးတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013