DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်နှင့် ဇလန်းစကီးတို့ ဗာတီကန်တွင် တွေ့ဆုံ၊ ထပ်တွေ့ရန် သဘောတူကြ
DVB
·
April 27, 2025
ထရမ့်ပ်နှင့် ဇလန်းစကီးတို့ ဗာတီကန်တွင် တွေ့ဆုံ၊ ထပ်တွေ့ရန် သဘောတူကြ
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးတို့ ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပနကို လာရောက်ချိန် ဗာတီကန်မှာ ၁၅ မိနစ် ဝန်းကျင် တွေ့ဆုံခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 

ထရမ့်ပ်နဲ့ ဇလန်းစကီးတို့ ၂ ယောက် ထိုင်ခုံမှာ မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ပုံတွေကို ရိုက်တာက ဖော်ပြထားပြီး ဇလန်းစကီးရဲ့ ပြောရေးဆိုခွင့်ရှိသူက သူတို့ ၂ ယောက်ဟာ မကြာခင် ထပ်တွေ့ဖို့ သဘောတူခဲ့တယ်လို့ ပြောပါတယ်။ 

စိန့်ပီတာ ဘုရားကျောင်းမှာ ၁၅ မိနစ်ကြာ ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပြီး ဒီဓာတ်ပုံကို ဇလန်းစကီးရဲ့ ရုံးကနေ ထုတ်ပြန်ခဲ့တာပါ။ ဓာတ်ပုံထဲမှာ သူတို့ရဲ့ အစိုးရအဖွဲ့ဝင်တယောက်မှ ပါတာကို မတွေ့ရပါဘူး။

ဇလန်းစကီးရဲ့ ရုံးကထုတ်ပြန်တဲ့ နောက်ထပ်ပုံမှာတော့ ထရမ့်ပ်၊ ဇလန်းစကီးတို့နဲ့အတူ ဗြိတိန်ဝန်ကြီးချုပ် စတာမာ၊ ပြင်သစ်သမ္မတ မက်ခွန်းတို့လည်း ပါဝင်တာတွေ့ရပါပြီး တူညီတဲ့ နေရာဖြစ်တဲ့အကြောင်းလည်း ရိုက်တာက ဖော်ပြထားပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013