DVB Logo
Home
နိုင်ငံတကာ
အမေရိကန်နိုင်ငံရေးပုံစံသစ်နှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်မည်ဟု ဇလန်းစကီးပြော
DVB
·
November 6, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန်ရဲ့ လက်တွေ့နိုင်ငံရေးပုံစံသစ်တွေနဲ့ လိုက်ရောညီထွေဖြစ်အောင် ယူကရိန်းက လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။

နိုဝင်ဘာ ၅ ရက်က ပြုလုပ်ခဲ့တဲ့ ရုပ်သံအင်တာဗျူးမှာ ဇလန်းစကီးက ရုရှားရဲ့ လေကြောင်းရန်ကာကွယ်ရေးနဲ့ ပြည်ပအကူအညီပိုရဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

ဇလန်းစကီးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့မှုတွေပေါ် အဆင်ပြေစေဖို့ စဉ်းစားထားတာ ဖြစ်ပါတယ်။

အထူးသဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက ဘဲဥပုံရုံးခန်း တွေ့ဆုံမှုမှာ အမေရိကန်ရဲ့ ကူညီမှုကို ကျေးဇူးမတင်ဘူးလို့ စွပ်စွဲခံရတဲ့နောက်ပိုင်း ဆက်ဆံရေး အဆင်ပြေဖို့ စဉ်းစားလာတာပါ။

အမေရိကန်ဦးဆောင်တဲ့ ယူကရိန်း၊ ရုရှား ဆွေးနွေးပွဲကလည်း လာမဲ့အပတ် အဘူဒါဘီမှာ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

လက်ရှိအချိန်မှာ ဇလန်းစကီးဟာ အိုင်ဘီရို အမေရိကန် ထိပ်သီးအစည်းအဝေး ပြုလုပ်နေတဲ့ စပိန်နိုင်ငံကို ရောက်နေတာဖြစ်ပြီး ယူကရိန်းရုပ်သံ TSN နဲ့ အင်တာဗျူး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေ အသာရပြီးနောက် အမေရိကန်ရဲ့ နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုတွေရှိပေမဲ့ ယူကရိန်းကတော့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

ဇလန်းစကီးက “အမေရိကန်ရဲ့ နိုင်ငံရေးအခင်းအကျင်းသစ်တွေအတွက်လည်း ယူကရိန်းက အဆင်ပြေအောင် လုပ်ဆောင်ရမှာပါ။ ပါတီနှစ်ခုစလုံးနဲ့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှာပါ။ အာဏာရွှေ့လျားမှုတွေကို နားလည်ထားပြီး မှန်ကန်တဲ့နည်းလမ်းနဲ့ ဆက်ဆံရေး တည်ဆောက်မှာပါ။ ကျနော်တို့အပေါ် ပံ့ပိုးမှုတွေ တိုးလာမယ်လို့ ယုံကြည်ထားပါတယ်” လို့ ပြောပါတယ်။

ယူကရိန်းကို ဒေါ်လာဘီလီယံ ၁၆ သန်း ပံ့ပိုးမယ်လို့ အမေရိကန်က ကတိပြုထားပေမဲ့ ပေးပို့တာမျိုးတော့ မရှိသေးပါဘူး။

ရုရှားရဲ့ ကျူးကျော်စစ် ၄ နှစ်ခွဲ ကျော်လာချိန်မှာ လေကြောင်းကာကွယ်ရေးစနစ် တိုးမြှင့်ဖို့က နိုင်ငံရဲ့ နံပါတ် ၁ လိုအပ်ချက် ဖြစ်တယ်လို့လည်း ဇလန်းစကီးက ဆိုပါတယ်။

အမေရိကန်က ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ တန်ကြေးရှိတဲ့ ပက်ထရီးယော့ PAC-3 ဒုံးကျည် ၅၀၀ ရောင်းချမယ်လို့ အတည်ပြုခဲ့ပေမဲ့ ၂၀၃၀ ခုနှစ် အစောပိုင်းထိ ပေးပို့ဖို့ မမျှော်လင့်ဘူးလို့လည်း ရိုက်တာက ဖော်ပြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013