
ဘာစီလိုနာအသင်းဟာ နောက်ခံလူ ခွန်ဒီရဲ့ အချိန်ပိုသွင်းနဲ့ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရပြီး ကိုပါဒယ်ရေးဖလား ချန်ပီယံဆုဖလား ဆွတ်ခူးသွားပါတယ်။
ဧပြီ ၂၇ ရက်က ဆီဗီလာမြို့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲမှာ ပွဲချိန်အတွင်း တဖက် ၂ ဂိုးစီသရေကျနေလို့ အချိန်ပို မိနစ် ၃၀ ထပ်ကစားခဲ့ရတာပါ။
အချိန်ပို ၁၁၆ မိနစ်မှာ ရီးရဲလ်ကွင်းလယ်လူ မိုဒရစ်ရဲ့ အမှားမကင်းတဲ့ ပေးပို့မူကနေတဆင့် နောက်ခံလူ ခွန်ဒီက အဝေးကန်ချက်နဲ့ အနိုင်ဂိုးသွင်းယူသွားခဲ့တာပါ။
ဒီနိုင်ပွဲကြောင့် ဘာစီလိုနာအသင်းက စပိန် ရှုံးထွက်ဖလားဖြစ်တဲ့ ကိုပါဒယ်ရေးဖလားမှာ ၃၂ ကြိမ်အထိ စံချိန်တင် ဆုဖလားရရှိခဲ့တာပါ။
လာလီဂါမှာလည်း ရီးရဲလ်အသင်းကို ၅ မှတ်ဖြတ်ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်လည်း တက်ရောက်ထားလို့ တရာသီအတွင်း ဆုဖလား ၃ လုံး အိပ်မက် မျှော်လင့်ခွင့်ရှိလာပြီ ဖြစ်ပါတယ်။