DVB Logo
Home
မြန်မာသတင်း
မြန်မာငလျင်ကူညီရန် မကာအိုဆေးအဖွဲ့ကို WHO အကူညီတောင်း
DVB
·
April 26, 2025
မြန်မာငလျင်ကူညီရန် မကာအိုဆေးအဖွဲ့ကို WHO အကူညီတောင်း
Donate to DVB

မြန်မာ့ငလျင်ဘေးကူညီဖို့အတွက် မကာအိုဆေးအဖွဲ့တဖွဲ့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အကူအညီတောင်းခံခဲ့ပြီး မြန်မာနိုင်ငံကို ၂ ပတ်ကြာ မစ်ရှင် အဖြစ်လာရောက်ဖို့ ရှိနေတဲ့အ ကြောင်း Macao News သတင်းမှာ ဧပြီ ၂၅ ရက်က ဖော်ပြပါတယ်။

တရုတ်အပြည်ပြည်ဆိုင်ရာ ဆေးဘက်ဆိုင်ရာအရေးပေါ်အဖွဲ့ (မကာအို) ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မကြာသေးမီက လှုပ်ခတ်ခဲ့တဲ့ ငလျင်လှုပ်ခတ်မှုအပြီး အရေးကြီးတဲ့ ဆေးဘက်ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုနဲ့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ပေးဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

အဖွဲ့ရဲ့ ညှိနှိုင်းရေးမှူး မကာအိုကျန်းမာရေးဗျူရိုမှ အကြီးတန်းအရာရှိ အိုလီအွန်က “ဒီမစ်ရှင်က WHO၊ မြန်မာနဲ့ ကျနော်တို့အဖွဲ့ အပါအဝင် ဒီဘေးအန္တရာယ်ရဲ့ နောက်ဆက်တွဲမှာ ထိရောက်တဲ့ ဆေးဘက်ဆိုင်ရာ ဖြေရှင်းချက်တွေကို ရှာဖွေဖို့ ပူးပေါင်း ဆောင်ရွက်တဲ့ ကြိုးပမ်းမှု တရပ်ကို ကိုယ်စားပြုပါတယ်” လို့ ပြောပါတယ်။

ဒီမစ်ရှင်ကိုတော့ တရုတ်ဗဟိုအစိုးရရဲ့ လိုအပ်တဲ့ ခွင့်ပြုချက်နဲ့ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ ကော်မရှင်နာရုံးနဲ့ ဆက်ဆံရေးရုံး ၂ ရပ်စလုံးရဲ့ သဘောတူညီမှုနဲ့ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပြီး မကာအိုရဲ့ နိုင်ငံတကာ အကူအညီပေးရေး ကြိုးပမ်းမှုမှာ သိ သာထင်ရှားတဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဆင်ဟွာသတင်းတပုဒ်မှာတော့ မကာအိုဆေးအဖွဲ့ရဲ့ လုပ်ငန်းတွေထဲမှာ ငလျင်ဒဏ်သင့် နယ်မြေတွေက ဆေးဘက်ဆိုင်ရာအရင်းအမြစ် လိုအပ်ချက်ပမာဏတွေကို အကဲဖြတ် ဆန်းစစ်ဖို့၊ ဒေတာအချက်အလက်ညှိနှိုင်းခြင်းလုပ်ငန်းစဉ်တွေ လုပ်ဆောင်ဖို့၊ ထိခိုက်ဒဏ် ရာရရှိမှု စောင့်ရှောက်ရေးနဲ့ ကူးစက်ရောဂါထိန်းချုပ်ရေးဆိုင်ရာ ကိစ္စတွေမှာ စံချိန်မီ အကောင်အထည်ဖော်ဖို့နဲ့ မြန်မာနိုင်ငံအတွက် ကိုယ်ပိုင် အရေးပေါ်ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေ တည်ထောင်နိုင်ရေး အလားအလာတွေကို အကဲဖြတ်တာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၄,၀၀၀ ကျော် သေဆုံးပြီး ပြည်သူလူထုတွေရဲ့ အိုးအိမ်တိုက်တာတွေ အများအပြား ပြိုကျပျက်စီးခဲ့တာ ဖြစ်ပါတယ်။

ငလျင်လှုပ်ပြီး သီတင်း ၃ ပတ်ကျော် ကြာတဲ့အထိ ငလျင်ဘေးသင့်ပြည်သူတွေဟာ အကူ အညီတွေမရ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။ 

တရုတ်နိုင်ငံကတော့ မြန်မာ့ငလျင်ဘေးနဲ့ ပတ်သက်ပြီးတော့ အရေးပေါ် ထောက်ပံ့ကူ ညီမှုတွေ ဆက်တိုက်ပေးအပ်ခဲ့တာကို တွေ့ရသလို ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ငလျင် လှုပ်ခတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးနဲ့ အကဲဖြတ်ရေးပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့တဖွဲ့ကို စေလွှတ်ထားတယ်လို့ တရုတ် မြေငလျင် စီမံခန့်ခွဲရေးအဖွဲ့ (CEA) က ပြောထားပါတယ်။

Source :  Macao News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013