မြို့တော်လားရှိုးနှင့် MNDAA၊ စစ်ကောင်စီ၊ တရုတ်တို့၏ အလှုပ်အရွေ့များ
DVB
·
April 25, 2025

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းနဲ့အတူ MNDAA က လားရှိုးမြို့ကို သိမ်းပိုက်ခဲ့သလို စစ်တပ်ကလည်း သမိုင်းမှာ ပထမဆုံးတိုင်းစစ်ဌာနချုပ်တခုကို လက်လွှတ်ခဲ့ရပါတယ်။ တချိန်တည်းမှာ တရုတ်ကလည်း ငြိမ်းချမ်းရေးအကြောင်းပြကာ ဝင်ရောက်စွက်ဖက် လာပြန်ပါတယ်။ ဒီအခြေအနေတွေအောက်မှာ မြို့တော်လားရှိုးနဲ့ MNDAA၊ စစ်ကောင်စီ နဲ့ တရုတ်တို့ရဲ့ အလှုပ်အရွေ့တွေကို အချိန်ကာလအလိုက် ထုတ်နုတ်ဖော်ပြပေးလိုက်ပါတယ်။