
မြန်မာပြည်တွင်း လောင်စာဆီဈေးနှုန်းတွေ လျှော့ချမှုအပြီး တပတ်အကြာမှာ တလီတာကို ၄၅ ကျပ်ကနေ ၆၅ ကျပ်အထိ ပြန်မြင့်တက်လာပါတယ်။
စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီဟာ ရန်ကုန်အထိုင် စက်သုံးဆီ ရည်ညွှန်းလက်လီဈေးနှုန်းတွေကို ပြီးခဲ့တဲ့ သီတင်းပတ်က ကျပ် ၃,၀၀၀ အောက်ထိ ဆွဲချ သတ်မှတ်ခဲ့ပါတယ်။
အဲဒီနောက် တပတ်အကြာမှာတော့ စက်သုံးဆီတလီတာ ဈေးတွေကို ၄၅ ကျပ်ကနေ ၆၅ ကျပ်အထိ ပြန်လည် တိုးမြင့် သတ်မှတ်လိုက်တာပါ။
ဓာတ်ဆီဈေးတွေဟာ ပြီးခဲ့တဲ့သီတင်းပတ်က တလီတာကို ကျပ် ၃၀၀ ကျော်ထိ အကျရှိခဲ့ပေမဲ့ အခုတပတ်မှာ ၆၅ ကျပ် ပြန်မြင့်တက်လာပြီး ဒီဇယ်ဈေးက တလီတာကို ၂၄၀ ကျပ် အကျရှိရာက အခုတပတ်မှာ ၄၅ ကျပ်ကနေ ၅၀ ကျပ်အကြား ပြန်မြင့်တက်လာတာ ဖြစ်ပါတယ်။
ဒီနေ့ ဈေးနှုန်းအခြေအနေအရ ၉၂ တလီတာကို ၂,၈၀၅ ကျပ်၊ ၉၅ တလီတာ ၂,၈၆၅ ကျပ်ရှိပြီး ဒီဇယ်တလီတာကို ၂,၃၉၀ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာကို ၃,၀၁၀ ကျပ် အသီးသီး ရှိနေပါတယ်။