DVB Logo
Home
မြန်မာသတင်း
ရေနံ့သာကျေးရွာ တိုက်နယ်ရဲစခန်းကို PDF က တိုက်ခိုက်မီးရှို့
DVB
·
April 25, 2025
ရေနံ့သာကျေးရွာ တိုက်နယ်ရဲစခန်းကို PDF က တိုက်ခိုက်မီးရှို့
Donate to DVB

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့အနီး ရေနံ့သာကျေးရွာတိုက်နယ် ရဲစခန်းကို ဧပြီ ၂၅ ရက် ဒီမနက် ၄ နာရီခွဲ၀န်းကျင်မှာ ဒေသခံတော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ခဲ့ပြီး မီးရှို့ခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကားတွေ၊ ဆိုင်ကယ်တွေနဲ့ သရက်-ကံမလမ်းပေါက်ကနေ ၀င်လာပြီး ပစ်ခတ်ခဲ့တာဖြစ်ပြီး ရဲတွေကို လက်နက်ချ အညံ့ခံဖို့ ပြောပေမဲ့ ရဲစခန်းက လက်နက်မချ၊ ပြန်မပစ်ဘဲ အနီးနားရှိ ကိုင်းတော၊ ဘုန်းကြီးကျောင်းနဲ့ ဆေးရုံထဲ ၀င်ပြေးကြတယ်လို့ ကံမမြို့ခံက ပြောပါတယ်။

ရေနံ့သာရဲစခန်းအနီး နေထိုင်တဲ့ ဒေသခံတယောက်က “စခန်းမှာက ကံမမြို့နယ်ရဲမှူးက ရောက်နေတာ။ သူက လိုင်းကြေးတွေလာကောက်ရင်း ရေနံ့သာ ညအိပ်တာ၊ အဲဒါကို PDF အဖွဲ့တွေက မသိလို့၊ သိရင် သူပါ ပါသွားနိုင်တယ်။ အခု ကြို့ပင်ကနေ ယာယီစခန်းမှူးအဖြစ် လာထိုင်နေတာ။ စခန်းမှူးတော့ ဖမ်းခေါ်သွားတယ်။ မြို့နယ်မှူးကားတော့ ယူသွားတယ်။ ရဲတွေရဲ့ ဆိုင်ကယ်တွေကိုလည်း သိမ်းသွားတယ်။ တကယ်တော့ စခန်းထဲမှာ သေနတ်ကမရှိတော့။ အဲဒါတွေ သိမ်းသွားတာ။ သေနတ်မရှိလို့ ရဲတွေကို ဆဲသွားသေးတယ်။ စခန်းကိုတော့ မီးရှို့သွားတာ အကုန်ပြောင်သွားပြီ” လို့ ပြောပါတယ်။

လတ်တလောမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်တာ မရှိသေးပေမဲ့ ကံမမြို့နယ်ရဲမှူးရဲ့ Double Cup ကားနဲ့ ဆိုင်ကယ် ၄ စီး သိမ်းဆည်းရကြောင်း၊ ဖမ်းခေါ်သွားတဲ့ ရဲမှူးကို စစ်ဆေးနေကြောင်း ကံမတော်လှန်ရေးအင်အားစုကနေ သိရပါတယ်။

အဆိုပါ ရေနံ့သာ တိုက်နယ်ရဲစခန်းဟာ သရက်ခရိုင်က ရဲစခန်းတွေရဲ့ လောင်းကစား၀ိုင်းတွေ လိုင်းကြေး တာ၀န်ယူကောက်ပေးနေရတဲ့ တိုက်နယ်စခန်းတခုဖြစ်ပြီး အဲဒီရဲစခန်းအပိုင် ကျေးရွာတွေမှာ လောင်းကစား၀ိုင်းတွေဖွင့်ပြီး လိုင်းကြေးယူ ငွေရှာပေးနေရတဲ့ စခန်းဖြစ်တယ်လို့ ဒေသခံ သတင်းအရင်းမြစ်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013