DVB Logo
Home
နိုင်ငံတကာ
မက္ကဆီကိုရှိ လူသတ်ခြံကျယ်ကြီးကို ရှာတွေ့ခဲ့သည့် အဖွဲ့ဝင် ၂ ဦး သတ်ဖြတ်ခံရ
DVB
·
April 25, 2025
မက္ကဆီကိုရှိ လူသတ်ခြံကျယ်ကြီးကို ရှာတွေ့ခဲ့သည့် အဖွဲ့ဝင် ၂ ဦး သတ်ဖြတ်ခံရ
Donate to DVB

မက္ကဆီကိုနိုင်ငံရဲ့ နာမည်ကြီး ကြောက်စရာကောင်းတဲ့ လူသတ်ခြံဝင်းကြီး ဆိုတဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့တဲ့ အရပ်ဘက်ရှာဖွေရေး အဖွဲ့အစည်းတခုက အဖွဲ့ဝင် ၂ ယောက်ကို ဆိုင်ကယ်စီး သေနတ်သမားတွေက ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း အဲဒီအဖွဲ့နဲ့ အာဏာပိုင်တွေက ဧပြီ ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဧပြီ ၂၃ ရက် ညပိုင်းက လူ ၂ ယောက် ပစ်ခတ်မှုကြောင့် မာရီယာ ဒယ်လ်ကာမန် မိုရာလက်စ်နဲ့ သူ့ရဲ့သား ဟိုင်မဲ ဒါနီယဲလ် ရာမီရက်ဇ် မိုရာလက်စ်တို့ သေဆုံးသွားခဲ့တယ်လို့ ဟာလစ္စကို ပြည်နယ်အစိုးရရှေ့နေရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သံသယရှိသူတွေကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

သူတို့သားအမိ ၂ ယောက်ဟာ အနောက်ပိုင်း ဟာလစ္စကို ပြည်နယ်ရှိ နိုင်ငံသား ရှာဖွေရေးအဖွဲ့ ဂယ်ရဲရိုစ် ဘူစ်ကာဒိုရေစ် အဖွဲ့မှာ အဖွဲ့ဝင်တွေဖြစ်ကြပြီး မတ်လက “ကြောက်စရာ မွေးမြူရေးခြံ” ကို ရှာဖွေတွေ့ရှိမှုမှာ အဓိက အရေးပါသူတွေ ဖြစ်ပါတယ်။

အဲဒီနေရာဟာ အင်အားကြီး ဟာလစ္စကို မျိုးဆက်သစ်ဂိုဏ်း (CJNG) ရဲ့ အခြေစိုက်စခန်းဖြစ်ပြီး လူငယ်တွေကို အတင်းအကျပ် စုဆောင်းနေတယ်လို့ အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။

ရှာဖွေရေးအဖွဲ့ရဲ့ အဖွဲ့ဝင်တွေ အဆိုအရ မိုရာလက်စ်ဟာ အကြိမ်ကြိမ် ခြိမ်းခြောက်ခံခဲ့ရပြီး ဖြစ်ပါတယ်။

သူတို့ရဲ့သေဆုံးမှုဟာ ရှာဖွေရေးအဖွဲ့က တခြားအဖွဲ့ဝင်တယောက် အသတ်ခံရမှုရဲ့ နောက်ဆက်တွဲ ဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေကို ရှာဖွေရေးအဖွဲ့ဝင်တွေဟာ မကြာခဏဆိုသလို ခြိမ်းခြောက်မှုတွေ ခံရလေ့ရှိပြီး သူတို့ရဲ့ပျောက်ဆုံးမှုအတွက် ရာဇ၀တ်ဂိုဏ်း အများစုမှာ တာဝန်ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲထားပါတယ်။

တရားဝင်အချက်အလက်တွေအရ ဟာလစ္စကိုပြည်နယ်ဟာ ပျောက်ဆုံးသူဦးရေ အများဆုံး ပြည်နယ်တခု ဖြစ်ပါတယ်။

မက္ကဆီကိုမှာ လူပေါင်း ၁၂၄,၀၀၀ ကျော် ပျောက်ဆုံးနေကြောင်း အစိုးရအချက်အလက်တွေအရ သိရပါတယ်။

အမှုအများစုကို လုံးဝ မဖြေရှင်းနိုင်တာကြောင့် ပျောက်ဆုံးသူတွေကို ရှာဖွေနေသူတွေအကြားမှာ အာဏာပိုင်တွေအပေါ် မယုံကြည်မှုက နက်ရှိုင်းနေကြတာ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013