
ကမ္ဘာ့ရွှေဈေးနှုန်း အတက်နဲ့အတူ ပြည်တွင်းရွှေဈေးလည်း တကျပ်သားကို ကျပ် ၇၅ သိန်း ဝန်းကျင်အထိ ပြန်လည် မြင့်တက်လာပါတယ်။
မကြာသေးခင်က တအောင်စကို ၃,၅၀၀ ဒေါ်လာဝန်းကျင်အထိ အတက်ကြမ်းခဲ့တဲ့ ကမ္ဘာ့ရွှေဈေးက ဧပြီ ၂၃ ရက်မှာ ၃,၃၀၀ ဒေါ်လာအောက်ထိ ထိုးဆင်းခဲ့ပြီး ဒီနေ့မှာ တအောင်စကို ၃,၃၄၀ ဒေါ်လာ ဝန်းကျင်မှာ ရှိနေပါတယ်။
ဒီဈေးနှုန်းက မနေ့ကထက် ၅၅ ဒေါ်လာ၊ ရာခိုင်နှုန်းအနေနဲ့ ၂ ရာခိုင်နှုန်းဝန်းကျင် ပြန်မြင့်တက်လာပါတယ်။
တဖက်မှာလည်း ငွေကျပ် ၇၅ သိန်းခွဲ ဝန်းကျင်ထိ တက်ခဲ့တဲ့ ပြည်တွင်းရွှေဈေးက မနေ့က ကျပ် ၇၄ သိန်းအောက်ထိ ပြန်ဆင်းခဲ့ပြီး ဒီနေ့မှာ ကျပ် ၇,၄၈၀,၀၀၀ ဝန်းကျင်ထိ ပြန်လည်မြင့်တက်လာပါတယ်။
ကမ္ဘာ့ရွှေဈေးနဲ့ မြန်မာပြည်တွင်းရွှေဈေးနှုန်း တောက်လျှောက် မြင့်တက်နေပေမဲ့ အမေရိကန် ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲနှုန်းကတော့ ၄,၄၁၀ ကျပ်မှာပဲ အကျဈေးနဲ့ ငြိမ်နေပြီး ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ရွှေရည်ညွှန်းဈေးကလည်း တကျပ်သားကို ကျပ် ၅,၆၆၀,၀၀၀ သာ သတ်မှတ်ထားပါတယ်။
အနှစ်