DVB Logo
Home
မြန်မာသတင်း
ငလျင်ဒဏ်သင့် ရဲတပ်ဖွဲ့ဝင်များကို ငွေ ၃၀၀၀ နှင့် ခေါက်ဆွဲခြောက် ၂ ထုပ် ထောက်ပံ့
DVB
·
April 24, 2025
ငလျင်ဒဏ်သင့် ရဲတပ်ဖွဲ့ဝင်များကို ငွေ ၃၀၀၀ နှင့် ခေါက်ဆွဲခြောက် ၂ ထုပ် ထောက်ပံ့
Donate to DVB

မန္တလေးက ငလျင်ဒဏ်သင့်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေ စားဝတ်နေရေးဖူလုံစေဖို့ ရဲတယောက်ကို ငွေ ၃,၀၀၀ နဲ့ ခေါက်ဆွဲခြောက် ၂ ထုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်က ထောက်ပံ့ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီခွဲက ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နဲ့အဖွဲ့ဟာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ပြည်ကြီးတံခွန် မြို့မရဲစခန်းကို ငွေကြေးနဲ့စားစရာတွေ လာရောက်ထောက်ပံ့ပေးခဲ့တာလို့ ရဲတပ်ဖွဲ့ဝင်နဲ့ နီးစပ်သူက DVB ကို ပြောပါတယ်။

“တပ်က ထောက်ပံ့ကြေးလာပေးမယ်ဆိုလို့ အကုန်လုံးပျော်နေကြတာ၊ တကယ်တမ်းပေးတော့ တယောက်ကို ခေါက်ဆွဲ ၂ ထုပ်နဲ့ ငွေက ၃,၀၀၀၊ ဆီ ၅၀ သားပေးတယ်၊ ဘေထုပ်အင်္ကျီတွေရောပါတယ်။ အရာရှိတွေဆို ခေါက်ဆွဲ ၃ ထုပ်ရတယ်။” 

မန္တလေး ငလျင်ဒဏ်သင့် ရဲတပ်ဖွဲ့ဝင်တွေကို တရုတ်နိုင်ငံက သီးသန့်အလှူငွေ ယွမ်သိန်း ၄၀ ကို ဧပြီ ၁၀ ရက်က ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်ကို လှူဒါန်းခဲ့ပေမဲ့ တရုတ်အလှူရှင်တွေ ပြန်သွားတဲ့အချိန်မှသာ ထောက်ပံ့ကူညီပေးတာလို့ မဟာအောင်မြေခရိုင်နဲ့နီးစပ်တဲ့ သတင်း အရင်းအမြစ်က DVB ကို ပြောပါတယ်။

“သင်္ကြန်မတိုင်ခင် တရုတ်က တိုင်းရဲတပ်ဖွဲ့ရုံးမှာ ပြည်ကြီးတံခွန်ရဲစခန်းအတွက် ယွမ်သိန်း ၄၀ လှူတယ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်က။ သူ အဲ့ငွေတွေကို ယူထားပြီး အခုပစ္စည်းတွေ ဝယ်ပေးတာ။ ဒီနေ့ သူနဲ့အတူ မန္တလေးတိုင်း ရဲမှူးချုပ် ဝင်းဗိုလ်လည်းပါတယ်။ ခေါက်ဆွဲခြောက်တွေဝယ်တာ ယွမ် သိန်း ၄၀ ကုန်လား။”

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပြည်ကြီးတံခွန်မြို့မရဲစခန်းက ၂၄ ခန်းတွဲ ၃ ထပ် ပြိုကျပျက်စီးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013