DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့တွင်  ကြက်ဥတလုံး ကျပ် ၈၀၀ အထိ စံချိန်တင်မြင့်တက်
DVB
·
April 24, 2025
မြိတ်မြို့တွင်  ကြက်ဥတလုံး ကျပ် ၈၀၀ အထိ စံချိန်တင်မြင့်တက်
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ ကြက်ဥတလုံး ကျပ် ၈၀၀ အထိ စံချိန်တင်မြင့်တက်လာတယ်လို့  မြို့ခံတွေက ပြောပါတယ်။

ဧပြီ ၁၈ ရက်မနက်က ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ ဝင်းဝရဲစခန်းကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် ခရီးသည်ကား၊ ကုန်ကားတွေ အများအပြား လမ်းပိတ်မိနေတာကြောင့် မြိတ်မြို့မှာ ကြက်ဥတလုံးဈေးနှုန်း ကျပ် ၆၀၀ မှ ကျပ် ၈၀၀ အထိ ကြက်ဥအမျိုးအစားပေါ် မူတည်ပြီး ဝယ်ယူနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကြက်ဥရောင်းဝယ်လုပ်ကိုင်သူတယောက်က “သင်္ကြန်ကာလတုန်းက ကြက်ဥတလုံး ပြင်ပပေါက်ဈေး ကျပ် ၅၀၀ ရှိတယ်။ အခုက ဒိုင်တွေမှာတောင် မရှိပြီ။ ကတ်ကြေးကိုက်ဆိုင်တွေနဲ့ ကြက်ဥကို အမှီပြုပြီး ကိတ်မုန့်လုပ်နေသူတွေ အခက်အခဲဖြစ်တယ်။ ဆင်းရဲနွမ်းပါးသူတွေအတွက် အခက်အခဲဖြစ်လာတယ်”လို့ ပြောပါတယ်။

မြိတ်မြို့မှာ ကြက်ခြံတချို့ရှိပေမဲ့ ကြက်ဥအများအပြားကို ရန်ကုန်နဲ့ မော်လမြိုင်မြို့တွေကနေ တဆင့်ဝယ်ယူပြီး ရောင်းဝယ်တယ်လို့ ကြက်ဥရောင်းဝယ်လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။

မြို့ခံအမျိုးသမီးတယောက်က “ကြက်ဥဈေးက ၇၀၀ ကနေ ၈၀၀ ကြားဖြစ်နေတယ်။ ဒါပေမဲ့ လိုသလောက် မရဘူး။ ကြက်ဥ ၁၀ လုံးတောင် မနည်းဝယ်နေရတယ်။ ဆီကတော့ ဈေးမတက်သေးဘူး”လို့ ပြောပါတယ်။

မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းရှိ ဝင်းဝရဲစခန်းတိုက်ပွဲကြောင့် ဧပြီ ၂၀ ရက်ကစပြီး မြိတ်-ထားဝယ်ကို ကုန်ပစ္စည်းမပါဘဲ ခရီးသည်သီးသန့် စပိဘုတ်နဲ့ ပြေးဆွဲနေတယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေဆီမှ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013