
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ပါရမီလမ်းသွယ် ၂၀၇ ထင်းရှူးမြိုင်လမ်းပေါ်မှာ အမျိုးသမီးတယောက်ကို ဖုန်းလုပြီး ဓားပြတိုက်ခံရကာ ဓားနဲ့ပါ ခုတ်သွားခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၂၃ ရက် မနက် ၈ နာရီက ကလေး စာသွားသင်ပြီး ပြန်လာတဲ့ အမျိုးသမီးငယ်တယောက်ကို ဓားပြ ၂ ယောက်က ဖုန်းလုရင်း နပန်းလုံးကြရာက ဓားပြက ဓားရှည်နဲ့ ခုတ်သွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ဓားပြ ၂ ယောက်က လာလုတော့ ဖုန်းနဲ့ ကွန်ပါဘူးကို တဖက်စီ ပစ်လိုက်တယ်။ ပြီးတော့ အဲဒီကောင်မလေးက ဓားပြကို ပြန်တိုက်ခိုက်သေးတယ်။ ဓားပြက လည်ပင်းကို ဓားနဲ့ လှမ်းခုတ်တာ။ အဲဒီကောင်မလေးက လက်နဲ့ကာလိုက်တာ လက်ကိုခုတ်မိသွားတယ်။ ပြီးတော့ ဓားပြ ၂ ယောက်ကတော့ ဆိုင်ကယ်ပေါ်တက်ပြီး ထွက်ပြေးသွားတယ်၊ ဘာပစ္စည်းမှတော့ မပါသွားဘူး။ ဓားပြက ဖိနပ်တဖက်တောင် ကျန်ခဲ့တယ်။”
အခုကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူ စစ်တပ်ဘက်ကို တိုင်ကြားပေမဲ့ ဓားပြမှုသာဖြစ်လို့ ဆိုပြီး အရေးယူဆောင်ရွက်ပေးတာ မရှိဘူးလို့ ပြောပါတယ်။
စစ်တပ်က ဧပြီ ၂၁ ရက်နေ့မှာ လားရှိုးမြို့ကို ပြန်လည်ဝင်ရောက်လာပြီး ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုနဲ့ လူသတ်မှု ဖြစ်ပွားလာမှာ မြို့ခံတွေက စိုးရိမ်နေကြပါတယ်။