DVB Logo
Home
နိုင်ငံတကာ
ကင်ညာတွင် ပုရွက်ဆိတ်ထောင်ချီ ခိုးထုတ်ရန် ကြိုးပမ်းမှုဖြင့် လူ ၄ ဦးကို တရားစွဲ
DVB
·
April 24, 2025
ကင်ညာတွင် ပုရွက်ဆိတ်ထောင်ချီ ခိုးထုတ်ရန် ကြိုးပမ်းမှုဖြင့် လူ ၄ ဦးကို တရားစွဲ
Donate to DVB

ကင်ညာနိုင်ငံကနေ ပုရွက်ဆိတ်အကောင်ရေ ထောင်ပေါင်းများစွာကို ခိုးထုတ်ဖို့ ကြိုးပမ်းမှုနဲ့ နိုင်ရိုဘီ တရားရုံးမှာ နိုင်ငံခြားသား ၄ ယောက်ကို ဧပြီ ၂၃ ရက်က ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

သံသယရှိသူတွေက ဘယ်လ်ဂျီယံနိုင်ငံသား ၂ ယောက်၊ ဗီယက်နမ်တယောက်နဲ့ ကင်ညာတယောက်တို့ ဖြစ်ပြီး တောရိုင်းတိရစ္ဆာန်တွေကို တရားမဝင် လက်ဝယ်ထားရှိမှုနဲ့ မှောင်ခိုကူးမှု စွဲချက်တွေနဲ့ အပြစ်ရှိကြောင်း တနင်္လာနေ့မှာ ဝန်ခံခဲ့တယ်လို့ တရားရုံးမှတ်တမ်းတွေထဲမှာ ဖော်ပြထားပါတယ်။

အာဖရိကန် သီးနှံခူး ပုရွက်ဆိတ်ကြီးတွေလို့ သိကြသလို Giant African Harvester Ants လို့လည်းသိကြတဲ့ မက်ဆာ ဆက်ဖာလုပ်စ် ပုရွက်ဆိတ် မျိုးစိတ်တွေ အပါအဝင် သက်ရှိ ပုရွက်ဆိတ် ဘုရင်မတွေကို အာဏာပိုင်တွေက ကြားဖြတ် သိမ်းဆည်းခဲ့တယ်လို့ ကင်ညာ သားရိုင်းတိရစ္ဆာန်ဌာန (KWS) တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

ပုရွက်ဆိတ်တွေကို ဥရောပနဲ့ အာရှက ထူးခြားဆန်းပြားတဲ့ အိမ်မွေးတိရစ္ဆာန် စျေးကွက်အတွက် ရည်မှန်းထားတယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်ကြပါတယ်။

တရားသူကြီး အင်ဂျရီ တူခူက သံသယရှိသူတွေကို မေ ၇ ရက်နေ့မှာ စီရင်ချက်ချမယ်လို့ တရားရုံး တာဝန်ရှိသူတွေ​က ပြောပါတယ်။

လူသိနည်းတဲ့ တောရိုင်းတိရစ္ဆာန်မျိုးစိတ်တွေကို တရားမဝင် ရောင်းဝယ်ဖောက်ကားမှုအပေါ် စိုးရိမ်ပူပန်ချက်တွေ တိုးပွားလာနေတဲ့ ကိစ္စကို ဒီအမှုက မီးမောင်းထိုးပြထားတယ်လို့ ထိန်းသိမ်းရေးပညာရှင်တွေက ပြောထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013