
အက်စတွန်ဗီလာအသင်းဟာ မန်စီးတီးအသင်းကနေ ထွက်ခွာမယ့် ကီဗင်ဒီဘရိုင်းကို ခေါ်ယူဖို့ မေးမြန်းစုံစမ်းနေတယ်လို့ သိရပါတယ်။
ဒီဘရိုင်းဟာ မန်စီးတီးကနေ ထွက်ခွာမှာဖြစ်ကြောင်း ပရိသတ်တွေကို တရားဝင်အသိပေးထားပြီး အသင်းဘက်က စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခြင်းမရှိတဲ့အပေါ် အံ့အားသင့်မိကြောင်း ပြောထားသူပါ။
ဗီလာအသင်းဟာ ဒီဘရိုင်းကို ခေါ်ယူနိုင်မယ့် အခြေအနေတွေကို မေးမြန်းစုံစမ်းနေပြီး အဆင်ပြေမယ်ဆိုရင် ဗီလာပါ့ခ်ကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တာပါ။
ဒါပေမဲ့ ဒီဘရိုင်းကို ခေါ်ယူဖို့ အမေရိကန်မေဂျာလိဂ်နဲ့ ဆော်ဒီပရိုလိဂ် အပါအဝင် နည်းပြ ဖာဘရီဂတ်စ် တာဝန်ယူနေတဲ့ စီးရီးအေကလပ် ကိုမိုအသင်းနဲ့လည်း သတင်းထွက်နေတာကြောင့် အသင်းအများအပြားနဲ့ အပြိုင်ခေါ်ယူဖို့ ကြိုးပမ်းသွားရမှာဖြစ်ကြောင်း The Sun သတင်းမှာ ဖော်ပြထားပါတယ်။