DVB Logo
Home
နိုင်ငံတကာ
ခေတ်သစ်သမိုင်း၌ ပထမဆုံး လူမည်း ပုပ်ရဟန်းမင်းဖြစ်ရန် အာဖရိကန်နွယ်ဖွားများ မျှော်လင့်
DVB
·
April 24, 2025
ခေတ်သစ်သမိုင်း၌ ပထမဆုံး လူမည်း ပုပ်ရဟန်းမင်းဖြစ်ရန် အာဖရိကန်နွယ်ဖွားများ မျှော်လင့်
Donate to DVB

အာဖရိကန်လူမျိုးတွေက ထောင်စုနှစ်တခုအတွင်း ပထမဆုံးအနေနဲ့ လူမည်းတယောက် ပုပ်ရဟန်းမင်းကြီး ဖြစ်လာဖို့ မျှော်လင့်နေပြီး ဖွံ့ဖြိုးဆဲကမ္ဘာကို ရပ်တည်ကာကွယ်ပေးရင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ အရိုက်အရာကို ဆက်ခံနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ဖို့ အခွင့်အလမ်းကတော့ နည်းပါတယ်။

အာဖရိကဟာ ကက်သလစ်အသင်းတော် ကြီးထွားမှု အလျင်မြန်ဆုံးဖြစ်တဲ့တိုက် ဖြစ်တယ်လို့ ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့တဲ့ ဗာတီကန်ရဲ့ ကိန်းဂဏန်းတွေက ဆိုပါတယ်။

ဒါပေမဲ့ အာဖရိကတိုက်မှာ မွေးသူ ဒါမှမဟုတ် အာဖရိကနွယ်ဖွား ၃ ယောက်သာ အေဒီ ၂၊ ၄ နဲ့ ၅ ရာစုတွေမှာ ပုပ်ရဟန်းမင်းဖြစ်ခဲ့တာကို ခရစ်ယာန်ဘုရားကျောင်း မှတ်တမ်းတွေက ဖော်ပြထားပါတယ်။

တနင်္လာနေ့က ပုပ်ရဟန်းမင်းကြီး ကွယ်လွန်ပြီးတဲ့နောက် ဖရန်စစ်ကို ဂုဏ်ပြုတဲ့ အခမ်းအနား တက်ရောက်နေတဲ့ အာဖရိကန်နွယ်ဖွား ကက်သလစ်ဘာသာဝင် တယောက်က အာဖရိကတိုက်ကနေ ပုပ်ရဟန်းမင်းကြီးတပါး ပေါ်လာဖို့ အချိန်လင့်နေတာ ကြာပြီလို့ ပြောခဲ့ပါတယ်။

အာဖရိကတိုက်သားတချို့ ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခံရနိုင်တဲ့ စာရင်းထဲမှာ ပါနေတဲ့ သတင်းက ပျံ့နှံ့နေပေမဲ့ ဗာတီကန်နန်းတော် အတွင်းလူတွေကတော့ ရွေးခံရမယ်လို့ မထင်ကြပါဘူး။

အာဖရိကန်တယောက်က ပုပ်ရဟန်းမင်းဖြစ်လာဖို့ လက်တွေ့ကျတဲ့ အခွင့်အရေးရှိပေမဲ့ တစိတ်တပိုင်းအားဖြင့် ဘယ်သူကမှ အနောက်တိုင်း ဂိုဏ်းချုပ်ဘုန်းတော်ကြီး အများစုတွေလို အဆင့်တူတယ်လို့ အများသူငါက စိစစ်လက်ခံမထားဘူးလို့ ဆိုပါတယ်။

မကြာသေးမီ ဆယ်စုနှစ်တွေအတွင်း အရှုပ်တော်ပုံတွေကြောင့် ယိမ်းယိုင်သွားတဲ့ အဖွဲ့အစည်းအတွက် စိုးရိမ်နိုင်စရာတော့ ရှိနေပါတယ်။

အာဖရိကန်တွေထဲမှာ အလားအလာရှိတဲ့ ကိုယ်စားလှယ်လောင်းတွေအဖြစ် ဂါနာ၊ ကွန်ဂိုနဲ့ အိုင်ဗရီကို့စ် နိုင်ငံတို့က ဂိုဏ်းချုပ်ဘုန်းတော်ကြီးတွေ ရှိနေပါတယ်။

အာဖရိကတိုက်မှာ ၂၀၂၃ ခုနှစ်က ကမ္ဘာ့ကက်သလစ်ဘာသာဝင် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းလောက် ရှိနေခဲ့ပြီး မနှစ်က ကိုးကွယ်သူ ၉ သန်း ပိုတိုးလာခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013