DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် စစ်တပ် စက်တပ်လေထီးများကို PDF က ပစ်ခတ်၊ ၁ စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့
DVB
·
April 24, 2025
ပခုက္ကူတွင် စစ်တပ် စက်တပ်လေထီးများကို PDF က ပစ်ခတ်၊ ၁ စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဧပြီ ၂၃ ရက်နေ့၊ ညနေ ၅ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်ရဲ့ စက်တပ်လေထီးတွေကို ပစ်ခတ်ခဲ့ရာ စက်ချို့ယွင်းသွားပြီး မြေပြင်ဆင်းသက်ခဲ့ရတဲ့ စက်တပ်လေထီး ၁ စီးအား မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Burma Revolution Rangers ဆီကနေ သိရပါတယ်။

Burma Revolution Rangers ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဒီမိက “ပခုက္ကူတပ်မ ၁၀၁ ထဲကနေ စက်တပ်လေထီး ၃ စီး တက်လာပြီး ကျနော်တို့ နယ်မြေထဲမှာ ဝဲနေလို့ ကျနော်တို့အဖွဲ့တွေက စောင့်ပြီးဝိုင်းပစ်ရင်း ၁ စီးရဲ့ အင်ဂျင်ပိုင်းကို ထိသွားတယ်။ အဲဒီအစီးက ပခုက္ကူမြို့ရဲ့မြောက်ဘက် ချောက်ကန်ရွာနားကို အရေးပေါ် ဆင်းသက်ခဲ့ရတာ။ အဲဒီနေရာကိုသွားပြီးတော့ နယ်မြေရှင်းလင်းရေးလုပ်ရင်း မီးရှို့ဖျက်ဆီးခဲ့တာပါ။ ကျန်တဲ့ ၂ စီးကတော့ ကြောက်ပြီး ၁၀၁ ထဲ ပြန်ဆင်းသွားတယ်”လို့ ပြောပါတယ်။

အဲဒီပစ်ခတ်မှုကို Burma Revolution Rangers တပ်ဖွဲ့နဲ့အတူ Pakokku People Defense Force (PPDF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။

Burma Revolution Rangers တပ်ဖွဲ့တာဝန်ခံ ဗိုလ်ကာတွန်း က “အဲဒီစက်တပ်လေထီးဆင်းတဲ့နေရာကို သွားကြည့်တဲ့အခါမှာ ယာဥ်မောင်းတွေ မတွေ့ရတော့ဘူး။ ထွက်ပြေးသွားကြပြီ။ အဲဒါကြီးကို သယ်ဖို့လုပ်နေကြတုန်းမှာပဲ အခုနေရာနဲ့ တပ်မ ၁၀၁ က ၂ မိုင်ကျော်လောက်ပဲ ဝေးတာဆိုတော့ သူတို့ဘက်က စစ်ကားတွေ၊ တင့်ကားတွေနဲ့ကော အင်အားအလုံးအရင်းနဲ့ တက်လာကြတယ်လို့ သတင်းပို့လာတာနဲ့ သူတို့ဟာကြီးကို မသယ်နိုင်တော့တာနဲ့ မီးရှို့ဖျက်ဆီးခဲ့ရတာ” လို့ DVB ကို ပြောပါတယ်။

အဆိုပါ စက်တပ်လေထီးကို မီးရှို့ဖျက်ဆီးခဲ့ပေမဲ့ စက်တပ်လေထီး မောင်းနှင်သူ ဆောင်းတဲ့ စကားပြောစက်နဲ့တွဲတဲ့ နားကြပ်ပါ ဦးထုပ် ၁ လုံးကိုတော့ သိမ်းဆည်းရရှိခဲ့တယ်လို့ သူက ပြောပါတယ်။

အဆိုပါ စက်တပ်လေထီး ၃ စီးဟာ ဧပြီ ၂၂ ရက်ကမှ စစ်ကောင်စီလက်အောက်ခံ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ထဲကို ရောက်ရှိလာကြတာဖြစ်ပြီး ကျေးရွာတွေဘက်ကို လေကြောင်းတိုက်ခိုက်ဖို့ ပျံသန်းရင်း အခုလို တိုက်ခိုက်ခံခဲ့ရတာလို့လည်း တပ်မ ၁၀၁ နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013