
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ အရပ်သား အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုအတွင်း နီးပရို ပတ်ထရော့ဗ်စ်ခ် ဒေသရှိ မာရ်ဟနက်စ်မြို့ကို ရုရှားဒရုန်းတစီး တိုက်ခိုက်မှုကြောင့် အလုပ်သမားတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီးကို ထိမှန်ခဲ့ပြီး လူ ၉ ယောက် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရုရှားတွေဟာ မာရ်ဟနက်စ်မြို့ကို အလုပ်လုပ်ဖို့ သွားနေတဲ့ အင်တာပရိုက်စ် ဝန်ထမ်းတွေ စီးနင်းလိုက်ပါလာတဲ့ ဘတ်စ်ကားတစီးကို တိုက်ခိုက်ခဲ့ကြောင်း နီးပရို ပတ်ထရော့ဗ်စ်ခ် ဒေသကောင်စီ အကြီးအကဲ မိုက်ကိုလာ လူကာရှုခ်က တယ်လီဂရမ်မှာ ပြောထားပါတယ်။
ယူကရိန်း ဗဟိုတောင်ပိုင်းရှိ မာရ်ဟနက်စ် အပါအဝင် နီးပရို ပတ်ထရော့ဗ်စ်ခ်ဒေသ အုပ်ချုပ်ရေးမှူး ဆာဟီးရ် လိုင်ဆက်ခ်က ဒီတိုက်ခိုက်မှုအတွင်း လူ ၉ ယောက် သေဆုံးပြီး အနည်းဆုံး အယောက် ၃၀ ဒဏ်ရာရရှိခဲ့ကြောင်း ပြောဆိုပါတယ်။
ယူကရိန်းရဲ့ ပြည်နယ်အရေးပေါ်ဌာနက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာ ပျက်စီးသွားတဲ့ ဘတ်စ်ကားထဲက အလောင်းတွေကို ကယ်ဆယ်ရေးသမားတွေက ဖယ်ရှားနေတာကို ပြသခဲ့ပါတယ်။
Source : Reuters