DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-ပြည်လမ်းတွင် စစ်သားနှင့် ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၈ ဦးသေ
DVB
·
April 23, 2025
ရန်ကုန်-ပြည်လမ်းတွင် စစ်သားနှင့် ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၈ ဦးသေ
Donate to DVB

ပဲခူးတိုင်း၊ ရန်ကုန်-ပြည်ကားလမ်းပေါ်မှာ နယ်မြေရှင်းလင်းရေးလုပ်ရင်း စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၈ ယောက်သေဆုံး၊ ၄ ယောက် ဒဏ်ရာရတယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ ၂ က ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ရန်ကုန်-ပြည်ကားလမ်း အရှေ့ဘက်ကျေးရွာတွေမှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ စစ်ကောင်စီတပ်တွေ လာမယ်ဆိုတဲ့သတင်းအရ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ ၂ နဲ့ တပ်ခွဲ ၃ က ရဲဘော်တွေ နှစ်ဖွဲ့ခွဲပြီး နယ်မြေရှင်းလင်းရေးလုပ်ခဲ့တယ်လို့ဆိုပါတယ်။

မနက် ၁၀ နာရီခွဲမှာတော့ အင်ကြင်းကုန်းအုပ်စု၊ အညာတန်းကြီးရွာ၊ ရန်ကုန်-ပြည်ကားလမ်းဘေးက 53 ထမင်းဆိုင်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး အယောက် ၂၀ လောက် ထမင်းစားနေတာကိုတွေ့ရလို့ တပ်ခွဲ ၂ ရဲဘော်တွေက ရှောင်တခင်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဖရိုဖရဲထွက်ပြေးကြတယ်လို့ ဆိုပါတယ်။

ထွက်ပြေးသွားသူတွေကို လိုက်လံတိုက်ခိုက်ခဲ့ရာမှာတော့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၈ ယောက်သေ၊ ၄ ယောက် ဒဏ်ရာရခဲ့ပြီး မွန်းလွဲ ၂ နာရီ ၁၅ မိနစ်မှာ စစ်ကောင်စီတပ်က Mi 35 ရဟတ်ယာဉ်နဲ့ ရိုးမအစပ်က ပြည်သူတွေနေထိုင်ရာ နေရာတွေကို ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ နီးရာကို သွားလာတာ လုံးဝမလုပ်ဖို့၊ လေကြောင်းတိုက်ခိုက်လာနိုင်တာကြောင့်လည်း အထူးသတိထား နေထိုင်ကြဖို့ အသိပေးထားပါတယ်။

Photo : သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ ၂

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013