
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ရုပ်ကလာပ်တော်ကို သယ်ဆောင်လာတဲ့ ခေါင်းတလားကို ဧပြီ ၂၃ ရက်မှာ စိန့်ပီတာ ဘုရားကျောင်းတော်ကြီးကို ရွှေ့ပြောင်း သယ်ဆောင်ခဲ့ပါတယ်။
ကာဆာ ဆန်တာမာတာ ဘုရားရှိခိုးကျောင်းမှာ ကောင်းချီးပေးပြီးတဲ့နောက်မှာ အဖုံးဖွင့်ထားတဲ့ ခေါင်းတလားနဲ့ သယ်ဆောင်လာတဲ့ ရုပ်ကလာပ်တော်ကို ကာဒီနယ်ကြီးတွေက ခြံရံ လိုက်ပါခဲ့ကြပါတယ်။
စိန့်ပီတာရင်ပြင်ကို ဖြတ်ပြီး သယ်ဆောင်လာချိန်မှာ ဆုတောင်းသူတွေကလည်း ဂါရဝပြုခဲ့ကြပါတယ်။
ကက်သလစ်ကျောင်းတော် သန့်ရှင်းရေးနဲ့ ပြုပြုပြောင်းလဲရေးကို အားစိုက်လုပ်ဆောင်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဧပြီ ၂၁ ရက် မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
၁၂ နှစ်တာ လက်ထက်တော်အတွင်းမှာ ရှေးရိုးစွဲသမားတွေနဲ့ ထိပ်တိုက်တိုးခဲ့သလို ဆင်းရဲသားတွေ၊ ခွဲခြားဆက်ဆံသူတွေအဖြစ် ချီးကျူးခံခဲ့ရသူ ဖြစ်ပါတယ်။
ဘာသာရေးဆုတောင်းမှုတွေအပြီးမှာ သက်ဝင်ယုံကြည်သူတွေနဲ့ အများပြည်သူ ဂါရဝပြုနိုင်ဖို့ ဧပြီ ၂၅ ရက် ည ၇ နာရီအထိ စိန့်ပီတာ ကျောင်းတော်ကြီးအတွင်းမှာ ထားရှိမှာဖြစ်ပါတယ်။ ၂၆ ရက်နေ့ မနက် ၁၀ နာရီမှာ စျာပနာအခမ်းအနား ကျင်းပမှာဖြစ်ပါတယ်။
Source : Reuters