DVB Logo
Home
မြန်မာသတင်း
ငလျင်ဒဏ်သင့် စစ်ကိုင်း ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲဖြစ်နေ
DVB
·
April 23, 2025
ငလျင်ဒဏ်သင့် စစ်ကိုင်း ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲဖြစ်နေ
Donate to DVB

စစ်ကိုင်းတိုင်းကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စစ်ကိုင်းမြို့ပေါ် ၂၂ ရပ်ကွက်နဲ့ မြို့နယ်တွင်းက ‌ကျေးရွာတွေမှာ နေအိမ်၊ အဆောက်အအုံတွေ ၁၀၀ ရာခိုင်နှုန်းနီးပါး ထိခိုက်ပျက်စီးခဲ့ပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာမှာ သေဆုံးသူ ၇၀၀ နီးပါးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀၀ ကျော်ရှိခဲ့ပါတယ်။ လက်ရှိမှာလည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။

လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က “သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက ထောက်ပံ့တာ လောလောဆယ်တော့ မကြားသေးဘူး။ ဒါပေမဲ့ ပေးဖို့တော့ရှိတယ်။ ဘယ်သူတွေ ဘယ်လောက်ပေးမလဲတော့ မပြောတတ်ဘူး။ အခြေခံလူတန်းစားတွေက ပြန်လည်ထူထောင်ရေး မစနိုင်သေးဘူး။ လောလောဆယ်က ဘယ်လိုအခက်အခဲရှိတုန်းဆိုတော့ နောက်ဆုံး ဘိလပ်မြေ ဝယ်တာကအစ ကျနော်တို့ ဘယ်လိုပြောမလဲ။ အစိုးရဈေးပဲ ပြောမလား၊ ပုဂ္ဂလိကဈေးပဲ ပြောမလား၊ လောလောဆယ်ကိုက စာတင်ဝယ်ရတာလေ။ သွားလျှောက်တဲ့အခါကျတော့ ၂၇,၅၀၀ နှုန်းနဲ့ အဲဒါကို ကိုယ် လိုသလောက်မပေးဘူး။ ဓာတ်ပုံပေါ်ကြည့်ပြီးတော့ ပေးတယ်။ အိတ် ၅၀ တင်ရင် ၁၀ လုံးပဲပေးတယ်” လို့ ပြောပါတယ်။

အားပြင်း ငလျင်ဒဏ်ကြောင့် ဘုရားကျောင်း၊ စေတီတွေ၊ စာသင်တိုက်တွေနဲ့အတူ သီလရှင် ကျောင်းတွေပါ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ငလျင်ကြောင့် သီလရှင်ကျောင်းဆောင် မြေခ ပြိုကျပြီး ဆရာလေး ၁ ပါးနဲ့ ဒကာမ ၁ ယောက် သေဆုံးခဲ့တဲ့အပြင် ဆရာလေး ၂ ပါး ဆေးရုံတက်‌ ရောက်ကုသနေရတဲ့ သီလရှင်ကျောင်းဆောင်ဟာ လက်ရှိမှာ တာလပတ်ကာ၊ ထန်ရွက်မိုးနဲ့ ယာယီကျောင်းဆောင် ဆောက်လုပ်ထားပေမဲ့ လုံခြုံမှု မရှိတာကြောင့် ညမအိပ်ရဲသေးဘူးလို့ ချမ်းသာသုခကျောင်းတိုက်တာဝန်ရှိသူ သီလရှင်က မိန့်ပါတယ်။

“ထောက်ပံ့ဆို လာလှူတာတို့ ဘာတို့ပဲရှိတာလေ။ ကိုယ်နဲ့သိတဲ့သူတွေ ဘာတွေ လာလှူတာတွေလောက်ပဲ ရှိတယ်။ ကျန်တာတော့ ဟို(ကြီးကြီးမားမား) လိုကြီးတော့ မရှိဘူး။ ကျောင်းက သန့်ရှင်းရေးပဲ ဝင်ရသေးတယ်။ ခဏ ယာယီတဲကျောင်းဆောင်လေးတော့ ဆောက်တော့ထားပြီ။ တာလပတ်ကာလေးနဲ့ ထန်ရွက်မိုးလေးတော့ အဲလိုလေး လုပ်ထားတယ်။ နည်းနည်းနေဖြစ်ရုံလေးပေါ့။  ညတော့ အဲဒီမှာ မအိပ်ရဲသေးလို့ မအိပ်သေးဘူးလေ။ ဝိုင်းကမလုံ။ ခြံကမလုံ အိမ်သာက တက်စရာမရှိ ဆိုတော့လေ။”

မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၄၄၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၁၀၀၀ ကျော်၊ ငလျင်ဘေးသင့်သူ ၁ သိန်း ၉ သောင်းကျော်ရှိခဲ့ပြီး နေအိမ် အဆောက်အအုံ ၅ သောင်းကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ DVB က ဧပြီလ ၁၆ ရက်အထိ စုစည်းရရှိထားတဲ့ အချက်အလက်တွေ အရ သိရပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013