DVB Logo
Home
နိုင်ငံတကာ
တရုတ်နှင့် ကုန်သွယ်ရေးသဘောတူညီချက်ရရန် လုပ်ဆောင်နေဟု အမေရိကန် ပြော
DVB
·
April 23, 2025
တရုတ်နှင့် ကုန်သွယ်ရေးသဘောတူညီချက်ရရန် လုပ်ဆောင်နေဟု အမေရိကန် ပြော
Donate to DVB

အမေရိကန်ပြည်ထောင်စုဟာ တရုတ်နိုင်ငံနဲ့ အလားအလာရှိတဲ့ ကုန်သွယ်မှု သဘောတူညီချက်တရပ် ရရှိရေး ဆွေးနွေးပွဲတွေ ကောင်းကောင်းလုပ်နေတယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော် သတင်းထောက် ကာရိုလိုင်း လီဗစ်က ဧပြီ ၂၂ ရက်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ဒီကိုမထွက်လာခင် သမ္မတကို ကျမ မေးခဲ့ပြီးပြီ၊ တရုတ်နဲ့ အလားအလာရှိတဲ့ ကုန်သွယ်မှု သဘောတူညီချက်အတွက် ကျမတို့ ကောင်းကောင်း လုပ်ဆောင်နေတဲ့အကြောင်း အားလုံးကို မျှဝေပေးစေချင်ပါတယ်” လို့ လီဗစ်က ပြောခဲ့ပါတယ်။

အမေရိကန် ကုန်သွယ်ရေးဝန်ကြီး ဟာဝဒ် လာ့ခ်နစ် အပါအဝင် အရာရှိတွေဟာ ကုန်သွယ်ရေး ဆွေးနွေးဖို့ နိုင်ငံပေါင်း ၃၄ နိုင်ငံနဲ့ အခုသီတင်းပတ်အတွင်း တွေ့ဆုံရာမှာ နိုင်ငံပေါင်း ၁၈ နိုင်ငံဆီက ကုန်သွယ်ရေး သဘောတူညီချက်ဆိုင်ရာ အဆိုပြုချက်တွေကို ထရမ့်ပ်အစိုးရက လက်ခံရရှိထားတယ်လို့ လီဗစ်က ပြောခဲ့ပါတယ်။

ကုန်သွယ်ရေးအဖွဲ့ကို တင်သွင်းထားတဲ့ စာရွက်ပေါ်မှာ အဆိုပြုချက် ၁၈ ခု ရှိပါတယ်။ ကုန်သွယ်ရေးဝန်ကြီး၊ အတွင်းဝန်၊ သံအမတ်၊ နိုင်ငံလုံးဆိုင်ရာ စီးပွားရေးကောင်စီ NEC ညွှန်မှူးတို့က ဒီတပတ်လုံး ကုန်သွယ်ရေးအဖွဲ့၊ အမေရိကန် အလုပ်သမားတွေနဲ့ အမေရိကန်ပြည်သူတွေ ကိုယ်စား ဒီသဘောတူညီချက်တွေကို သေချာစေဖို့ အရှိန်အဟုန်နဲ့ ရွေ့လျားနေပါတယ်လို့လည်း လီဗစ် ပြောပါတယ်။

အခု အဆိုပြုချက် ၁၈ ခုနဲ့အတူ အမေရိကန်နဲ့ ပတ်သက်ချင်တဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်က တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ချင်တဲ့ သမ္မတကြီးနဲ့ အုပ်ချုပ်ရေးပိုင်းကို ညှိနှိုင်းဆောင်ရွက်နေတာ တွေ့ရတယ်။ လမ်းကြောင်းမှန်ပေါ်ကို ရွေ့နေတယ်လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013