DVB Logo
Home
မြန်မာသတင်း
အပစ်ရပ် စစ်ကောင်စီက နောင်ချိုမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်ခဲ့ဟု TNLA ထုတ်ပြန်
DVB
·
April 22, 2025
အပစ်ရပ် စစ်ကောင်စီက နောင်ချိုမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်ခဲ့ဟု TNLA ထုတ်ပြန်
Donate to DVB

စစ်ကောင်စီက ယာယီအပစ်အခတ်ရပ်စဲထားတဲ့ကာလတွေမှာ ရှမ်းပြည်နယ်တောင်ပိုင်း နောင်ချိုမြို့နယ်အတွင်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဒီကနေ့ ဧပြီ ၂၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

ယာယီအပစ်ရပ်ကြောင်းကြေညာတာ ရက် ၂၀ ပြည့်တဲ့ ဒီကနေ့ ဧပြီ ၂၂ ရက်မှာပဲ နောင်ချိုမြိုနယ်၊ အုမ္မတီးကျေးရွာကို စစ်ကောင်စီဂျက်ဖိုက်တာ နဲ့ ဗုံး ၂ လုံး ကြဲချခဲ့တာကြောင့် နေအိမ် ၅ လုံး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဧပြီ ၂၁ ရက် တောင်ခမ်းကျေးရွာတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်တွေက အဆိပ်ငွေ့ဗုံး ၁၅ လုံး ကြဲချခဲ့တာကြောင့် TNLA တပ်သား ၁၀ ယောက် အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက သဘာဝဘေးကြောင့် အပစ်ရပ်ကြောင်း ကြေညာထားသလို အပစ်ရပ်ကာလ သက်တမ်းတိုးတာတွေ ဆက်လုပ်နေပေမဲ့ နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013