DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းတွင် မတ်လအတွင်း တိုက်ပွဲ အကြိမ်  ၃၀ ကျော်ဖြစ် 
DVB
·
April 22, 2025
တနင်္သာရီတိုင်းတွင် မတ်လအတွင်း တိုက်ပွဲ အကြိမ်  ၃၀ ကျော်ဖြစ် 
Donate to DVB

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ မတ်လအတွင်း တိုက်ပွဲ အများဆုံးဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ကြောင်း တနင်္သာရီတိုင်းအခြေအနေကို စောင့်ကြည့်လေ့လာနေတဲ့ FE5Tanintharyi အဖွဲ့က ဒီကနေ့ ဧပြီ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။ 

မတ်လအတွင်းမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးတာနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ပြည်သူ ၆၆,၈၀၀ ကျော်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

မြိတ်ခရိုင် ပုလော၊ တနင်္သာရီ၊ မြိတ်နဲ့ ကျွန်းစုမြို့နယ်တွေမှာ နေရပ်စွန့်ခွာခဲ့ရသူ အနည်းဆုံး ၃၉,၅၀၀ ကျော်ရှိခဲ့ပြီး ထားဝယ်ခရိုင် ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်းမြို့နယ်တွေမှာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ အနည်းဆုံး ၂၇,၃၀၀ ကျော်ရှိခဲ့တယ်လို့ စာရင်းပြုစုထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီဟာ မြိတ်ခရိုင်က တနင်္သာရီ-မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ထိန်းချုပ်ဖို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ကတည်းက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ မတ်လထဲမှာတော့ တနင်္သာရီတိုင်းအတွင်း တိုက်ပွဲ ၃၄ ကြိမ်ထက်မနည်းနဲ့ မိုင်းဆွဲတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း ဖြစ်ခဲ့တဲ့အတွက် စုစုပေါင်းထိတွေ့မှု ၃၉ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ဆိုပါတယ်။ 

တနင်္သာရီတိုင်းမှာတော့ ငလျင်ကြောင့် တိုက်ရိုက်အကျိုးသက်ရောက်မှု မရှိခဲ့ပေမဲ့ ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာမှုအပါအဝင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ကုန်သွယ်စီးပွား ပြဿနာတွေ ကြုံတွေ့ကြရပြီး ရာသီဥတုဘေးကြား စစ်ဘေးရှောင်တွေဟာလည်း ပိုမိုကျပ်တည်း ခက်ခဲမှုတွေ ရင်ဆိုင်လာရနိုင်တယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013