DVB Logo
Home
နိုင်ငံတကာ
တဖက်သတ်ဝါဒကို ဆန့်ကျင်ရန် တရုတ်က အင်ဒိုနီးရှားကို တိုက်တွန်း
DVB
·
April 22, 2025
တဖက်သတ်ဝါဒကို ဆန့်ကျင်ရန် တရုတ်က အင်ဒိုနီးရှားကို တိုက်တွန်း
Donate to DVB

တရုတ်နဲ့ အင်ဒိုနီးရှားတို့ဟာ တဖက်သတ်ဝါဒနဲ့ ကုန်သွယ်မှု အကာအကွယ်ပေးရေးဝါဒကို ပုံစံအမျိုးမျိုးနဲ့ ဆန့်ကျင်သင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။

နှစ်နိုင်ငံဟာ ဒေသတွင်း စီးပွားရေးပေါင်းစည်းမှုကို အရှိန်မြှင့်ပြီး စက်မှုနဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေ တည်ငြိမ်ရေးကို ထိန်းသိမ်းသင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့အပြီး တရုတ်မြို့တော် ပေကျင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး စူငီအိုနိုက အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်ကို ကြိုဆိုခဲ့ပြီး နိုင်ငံစုံစနစ် သေချာစေရေး BRICS နဲ့ G20 အဖွဲ့ဝင်တွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

စူငီအိုနိုဟာ အကောက်ခွန်နဲ့ ကာကွယ်ရေး အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးဖို့ လတ်တလောမှာတင် အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ပေကျင်းမြို့တော်ဆီ တိုက်ရိုက်သွားခဲ့တာ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013