DVB Logo
Home
နိုင်ငံတကာ
တရုတ်က အမေရိကန် လွှတ်တော်အမတ်များနှင့် အရာရှိအချို့ကို ဒဏ်ခတ်ပိတ်ဆို့
DVB
·
April 22, 2025
တရုတ်က အမေရိကန် လွှတ်တော်အမတ်များနှင့် အရာရှိအချို့ကို ဒဏ်ခတ်ပိတ်ဆို့
Donate to DVB

ဟောင်ကောင်နဲ့ ဆက်နွှယ်တဲ့ ကိစ္စရပ်တွေမှာ ဆိုးရွားတဲ့ အပြုအမူတွေအတွက် အမေရိကန် အောက်လွှတ်တော်အမတ်တွေ၊ အစိုးရအရာရှိတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း အကြီးအကဲတချို့ကို တရုတ်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၁ ရက်မှာ ပြောပါတယ်။

တရုတ်နဲ့ ဟောင်ကောင်အရာရှိ ၆ ယောက်ကို အမေရိကန်က ပြီးခဲ့တဲ့လက ပိတ်ဆို့အရေးယူခဲ့တဲ့ အပေါ် တုံ့ပြန်တဲ့အနေနဲ့ ခုလို ဒဏ်ခတ်တာဖြစ်ပြီး အမေရိကန်ရဲ့လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိုးကျားခွင်းက ပြောပါတယ်။

ဟောင်ကောင်နဲ့ဆက်နွှယ်တဲ့ ကိစ္စမှာ တရုတ်နိုင်ငံအပေါ် အမေရိကန်ဘက်က မှားယွင်းတဲ့ လုပ်ဆောင်ချက် မှန်သမျှဟာ တရုတ်ဘက်က ပြတ်ပြတ်သားသား အပြန်အလှန် တန်ပြန် တုံ့ပြန်တာတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ကိုးက ပြောပါတယ်။

ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ထောင်ချဖို့အပြင် လစ်ဘရယ်မီဒီယာတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကိုပါ ပိတ်ပစ်ဖို့ ဟောင်ကောင်မှာ ပြဋ္ဌာန်းထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေကို အသုံးချတဲ့အတွက် အနောက်နိုင်ငံတွေက ပေကျင်းကို ဝေဖန်ခဲ့ပါတယ်။

အဖျက်အမှောင့်တွေ၊ ပြည်ပနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုလို လုပ်ရပ်တွေကို ထောင်ဒဏ်တသက်တကျွန်းအထိ ပြစ်ဒဏ်ပေးတဲ့ ဥပဒေဟာ ၂၀၁၉ ခုနှစ်မှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေအပြီး တည်ငြိမ်အေးချမ်းမှုကို ဆောင်ကြဉ်းပေးတယ်လို့ တရုတ်ပြည်မကြီးအစိုးရက တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013