DVB Logo
Home
နိုင်ငံတကာ
အမေရိကန် ကာကွယ်ရေးဝန်ကြီး၏ ဆွေမျိုးများပါသည့် Signal Chat ထပ်မံပေါက်ကြား
DVB
·
April 22, 2025
အမေရိကန် ကာကွယ်ရေးဝန်ကြီး၏ ဆွေမျိုးများပါသည့် Signal Chat ထပ်မံပေါက်ကြား
Donate to DVB

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆီသ်က ယီမင်နိုင်ငံကို တိုက်ခိုက်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး Signal မှာ ဒုတိယအကြိမ်မြောက် အသေးစိတ် မျှဝေခဲ့တယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

အဲဒီ Signal Group Chat ထဲမှာ ကာကွယ်ရေးဝန်ကြီးရဲ့ ဇနီး၊ ညီဖြစ်သူနဲ့ ကိုယ်ရေးရှေ့နေတို့ ပါဝင်နေခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဟဂ်ဆီသ် ကိုယ်တိုင် ဖွဲ့ထားတဲ့ ဒုတိယမြောက် Signal Chat ထဲမှာ ယီမင်နိုင်ငံ​က ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ ပစ်မှတ်တွေကို F/A-18 Hornet တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲဖို့ စီစဉ်ထားတဲ့အကြောင်း အကြိုဆွေးနွေးခဲ့ကြတာပါ။

လွန်ခဲ့တဲ့လတုန်းကလည်း The Atlantic မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်ကို Signal Group ထဲ မှားယွင်းထည့်သွင်းပြီး အလားတူပုံစံမျိုး စစ်ဆင်ရေး အချက်အလက်တွေ ကာကွယ်ရေးဝန်ကြီး အနေနဲ့ အသေးစိတ် ပေးပို့ခဲ့ဖူးပါတယ်။​

ဟဂ်ဆီသ်နဲ့ ညီတော်စပ်သူ ဖေးလ် အပါအဝင် ရှေ့နေဖြစ်သူ တင်မ်ပါလတ်တော် တို့ဟာ ကာကွယ်ရေးဌာနမှာ တာဝန်ထမ်းဆောင်နေပေမဲ့လည်း အရင်က Fox News ထုတ်လုပ်သူအဖြစ် လုပ်ကိုင်ခဲ့တဲ့ ဇနီးသည် ဂျန်နီဖာ ကိုတော့ သက်ဆိုင်မှုမရှိကြောင်း ဖော်ပြထားပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အဓိက ပြောရေးဆိုခွင့်ရှိသူ ရှောင်ပါနဲလ် ဘက်က “ထရမ့်ပ် မုန်းတီးရေး မီဒီယာတွေဟာ သမ္မတရဲ့ မူဝါဒအတိုင်း အကောင်အထည်ဖော်နေသူမှန်သမျှကို ဖျက်ဆီးဖို့အတွက်သာ အမြဲအာရုံစိုက်နေကြတယ်” လို့ တုံ့ပြန်ထားပါတယ်။

အခုတခေါက် ပေါက်ကြားမှုက “မရှိတော့တဲ့ ဇာတ်လမ်းဟောင်းကို ပြန်အသက်သွင်းတာ” လို့ ဆိုတဲ့အပြင် Signal ထဲမှာပါ လျှို့ဝှက်အချက်အလက်တွေ မျှဝေခဲ့တာမျိုး မရှိကြောင်း ဖြည့်စွက်ပြောပါတယ်။

ဒါဟာ ပထမဆုံးအကြိမ် Signal Chat ပေါက်ကြားမှုကို ပင်တဂွန် ယာယီစစ်ဆေးရေးမှူးချုပ်က စုံစမ်းစစ်ဆေးနေဆဲအချိန်လည်း ဖြစ်ပါတယ်။

တချိန်တည်းမှာ ရာထူးဖယ်ရှားခံလိုက်ရတဲ့ ဟဂ်ဆီသ်ရဲ့ ပြန်ကြားရေးအရာရှိဟောင်း ဂျွန် အော်လီယော့ ကတော့ ပင်တဂွန်ဟာ ကာကွယ်ရေးအကြီးအကဲ ဦးဆောင်မှုအောက်မှာ “ဖရိုဖရဲနဲ့ လုံးဝကို ပရမ်းပတာ” ဖြစ်နေပြီလို့ မှတ်ချက်ပြုပါတယ်။

“အခုလိုမျိုး အလုပ်မဖြစ်တာကြောင့် သမ္မတအတွက် စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ သူခန့်ထားတဲ့ အကြီးအကဲပိုင်းကနေ ဒီထက် ပိုမိုကောင်းမွန်တဲ့ စီမံခန့်ခွဲမှုကို ရထိုက်ပါတယ်” ဆိုပြီး အော်လီယော့က သူ့အမြင်ကို ပေါ်လစ်တစ်ကို မဂ္ဂဇင်းမှာ ရေးသားခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013