DVB Logo
Home
နိုင်ငံတကာ
ပုပ်ရဟန်းမင်းကြီး ကွယ်လွန်သည့်အကြောင်းရင်း ထုတ်ပြန်၊ ဈာပနအတွက် ပြင်ဆင်  
DVB
·
April 22, 2025
ပုပ်ရဟန်းမင်းကြီး ကွယ်လွန်သည့်အကြောင်းရင်း ထုတ်ပြန်၊ ဈာပနအတွက် ပြင်ဆင်  
Donate to DVB

အသက် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဦးနှောက်လေဖြတ်ခြင်း၊ သတိလစ်မေ့မြောခြင်းနဲ့ ပြန်မကောင်းမွန်နိုင်တော့တဲ့ နှလုံးရောဂါတို့ကြောင့် ဧပြီ ၂၁ ရက် မနက်အစောပိုင်းမှာ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ ဗာတီကန်ဆရာဝန် အန်ဒရီယာ အာကန်ဂယ်လိက ဧပြီ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ကက်သလစ်အသင်းတော်ရဲ့ ဗဟိုအုပ်ချုပ်ရေးအဖွဲ့က ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပနအခမ်းအနား အတွက် လမ်းညွှန်ချက်ပေးခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ အလိုတော် (သေတမ်းစာ) ကို ထုတ်ပြန်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ သန့်စင်တဲ့မိခင်ဆီမှာ သူ့ရဲ့ရည်ရွယ်ချက်တွေကို ယုံကြည်စိတ်ချစွာ အပ်နှံဖို့နဲ့ နူးညံ့သိမ်မွေ့တဲ့ မယ်တော်မိခင်ရဲ့ စောင့်ရှောက်မှုအတွက် ကျေးဇူးတင်တဲ့အနေနဲ့ သူ့ရဲ့ နောက်ဆုံးကမ္ဘာမြေခရီးကို သူ့ရဲ့တမန်တော် ခရီးရှည်တိုင်းမှာ အစနဲ့အဆုံး ဆုတောင်းဝတ်ပြုရာ ရှေးအကျဆုံး မာရီယန်နတ်ကွန်းမှာ အတိအကျ နိဂုံးချုပ်စေလိုပါကြောင်း ရေးသားခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အခုနှစ် အစောပိုင်းက အဆုတ် ၂ ဘက်လုံးမှာ နမိုးနီးယား အဆုတ်ရောင်ရောဂါကို ခံစားခဲ့ရတာပါ။

ပုပ်ရဟန်းမင်းကြီးဟာ လူအုပ်ကို ကြိုဆိုနှုတ်ဆက်ဖို့ အီစတာ တနင်္ဂနွေနေ့က စိန့်ပီတာရင်ပြင်ကို ပုပ်မိုဘိုင်းလ် အထူးမော်တော်ယာဉ် စီးနင်းကာ နောက်ဆုံးအကြိမ် ကြွရောက်ခဲ့ပြီးနောက် သူ့သေဆုံးမှုက ဝမ်းနည်းတုန်လှုပ်စရာ ဖြစ်ခဲ့ပါတယ်။

ဧပြီ ၂၅ ရက် ကနေ ဧပြီ ၂၇ ရက် တနင်္ဂနွေကြားမှာ ဈာပန ကျင်းပဖို့ မျှော်လင့်ထားကြောင်း ဗာတီကန်က ပြောကြားခဲ့ပေမဲ့ ဈာပနကျင်းပမယ့် ရက်အတိအကျကိုတော့ မသတ်မှတ်ထားရသေးပါဘူး။

ကာဒီနယ် ဘုန်းတော်ကြီးအဖွဲ့တဖွဲ့က ဧပြီ ၂၂ ရက်မှာ တွေ့ဆုံကြဖို့ စီစဉ်ထားပြီး အဲဒီရက်မှာ ဈာပနနေ့ကို သတ်မှတ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013