
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဝုဗ်တိုက်စစ်မှူး မားသီးယက်စ်ကူညာကို ခေါ်ယူနိုင်ဖို့ နီးစပ်လာပါတယ်။
ဘရာဇီး တိုက်စစ်ကစားသမားဟာ အခုနှစ်ရာသီ ဝုဗ်အသင်းမှာ သွင်းဂိုး ၁၆ ဂိုး သွင်းယူပြီး ခြေစွမ်းပြသနေတာပါ။
မန်ယူအသင်းက ဝုဗ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ကူညာနဲ့ နည်းပြအာမိုရင်တို့ တွေ့ဆုံနှုတ်ဆက်ခဲ့ကြပြီး ကူညာရဲ့စွမ်းဆောင်ရည်ကို ချီးကျူးပြောကြားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
မန်ယူအသင်းဟာ ကူညာရဲ့ စာချုပ်ပါလျော်ကြေးဖြစ်တဲ့ ပေါင် ၆၂ သန်းခွဲကို ပေးချေသွားမှာ ဖြစ်ပြီး အသင်းရှိ ကစားသမားတွေကိုလည်း ပြန်လည်ရောင်းချသွားမယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ လာမယ့်ရာသီအတွက် တိုက်စစ်ပိုင်းကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး အစ်ဆွစ်အသင်းက မန်စီးတီးအကယ်ဒမီထွက် တိုက်စစ်မှူး လီယမ်ဒလက်ဖ်ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။