DVB Logo
Home
မြန်မာသတင်း
PDF များ အင်အားကြီးမားလာသဖြင့် သတိထားကြရန် ဒုစစ်ခေါင်းဆောင်ပြော
DVB
·
April 21, 2025
PDF များ အင်အားကြီးမားလာသဖြင့် သတိထားကြရန် ဒုစစ်ခေါင်းဆောင်ပြော
Donate to DVB

“ငလျင်ဘေးလည်းလုပ်၊ PDF တွေရဲ့ သတင်းလည်းနားစွင့်။ အခုဆို PDF တွေက နေပြည်တော်အထိ ခြိမ်းခြောက်လာတယ်၊ တဖက်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေက မြှောက်ပေးနေတော့ အင်အားက တစစကြီးထွားလာတယ်။ ဒါကြောင့် တိုက်ပွဲတွေဖြစ်ရင် ရဲရဲတိုက်၊ ရဲရဲချေမှုန်းဖို့လိုတယ်၊ ဖြစ်လာလို့ အဖမ်းခံရရင် ကိုယ့်ဖြစ်ကိုယ်ခံ၊ ဘယ်သူမှ မကယ်ဘူး၊ ဒုချုပ်က ပြောတယ်။” 

ဒါ့အပြင် စစ်ဆင်ရေးမဟုတ်ဘဲ အလုပ်ကိစွနဲ့ ခရီးသွားလာရာမှာ မိမိကိုယ်ကို တပ်ကသူမှန်း မသိအောင် ရုပ်ဖျက်သွားလာရမည်ဖြစ်ပြီး တာဝန်ရှိသူ အဆင့်ဆင့်ကို သတင်းပို့ဖို့လည်း ပြောဆိုခဲ့တယ်လို့ သူကရှင်းပြပါတယ်။

အခုလို ပြောဆိုတာဟာ ဧပြီ ၁၉ ရက်က နေပြည်တော်ကောင်စီ နယ်မြေထဲမှာ မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်ထဲ ကပစ ၁၃ က ထုတ်လုပ်ရေးမှူး ဗိုလ်မှူးအပါအဝင် ၃ ယောက်ကို PDF တွေ ဖမ်းဆီးသွားပြီးနောက် သတိပေးပြောဆိုတာလို့ ကပစနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ကပစ ၁၃ ကစက်ရုံမှူးလည်း အဲ့ကိစွနဲ့ရှင်းနေရတယ်။ အဖမ်းခံရတာလည်း နေပြည်တော်ဆက်စပ် နယ်မြေထဲမှာ ပိုဆိုးတယ်။ ပြောရရင် နေပြည်တော်ကို PDF တွေက ခြိမ်းခြောက်လာတယ်ဆိုတဲ့ သဘော။” 

စစ်တပ်အာဏာသိမ်းပြီး ဒုစစ်ခေါင်းဆောင် စစ်ရေးကို ကိုင်တွယ်ရချိန်မှာ တိုင်းစစ်ဌာနချုပ် ၂ ခုနဲ့ တပ်ရင်းတပ်ဖွဲ့စခန်း ၁၀၀ ကျော်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နဲ့ PDF တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013