
လီဗာပူးအသင်းဟာ လက်ကျန်ပွဲစဉ်တွေမှာ တပွဲအနိုင်ရရုံနဲ့ အကြိမ် ၂၀ မြောက် အမှတ်ပေးလိဂ် ချန်ပီယံ ဖြစ်လာတော့မှာပါ။
ပွဲစဉ် ၃၃ အပြီးမှာ ဒုတိယနေရာက အာဆင်နယ်ကို ၁၃ မှတ်ဖြတ်ထားတဲ့ လီဗာပူးအသင်းဟာ လက်ကျန် ၅ ပွဲမှာ တပွဲအနိုင်ရတာနဲ့ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်တော့မှာပါ။
လီဗာပူးအသင်းဟာ လာမယ့်တပတ်မှာ စပါးအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲဒီပွဲမှာ အနိုင်ရမယ်ဆိုရင် အာဆင်နယ်ရဲ့ရလဒ်ကို ကြည့်စရာမလိုဘဲ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မှာပါ။
အာဆင်နယ်အသင်းက လာမယ့်တပတ်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ တွေ့ဆုံနေပါတယ်။
အင်္ဂလန်ဘောလုံးသမိုင်းမှာ မန်ယူအသင်းက အမှတ်ပေးလိဂ်ချန်ပီယံ အကြိမ် ၂၀ နဲ့ ဆုဖလားအများဆုံး အသင်းအဖြစ် မှတ်တမ်းတင်ထားပြီး လီဗာပူးအသင်းက လိုက်မီနိုင်တော့မှာ ဖြစ်ပါတယ်။