DVB Logo
Home
နိုင်ငံတကာ
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်
DVB
·
April 21, 2025
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်
Donate to DVB

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဧပြီ ၂၁ ရက် ဒေသစံတော်ချိန် မနက် ၇ နာရီ ၃၅ မိနစ်မှာ ကွယ်လွန်သွားပြီလို့ ဗာတီကန် ဘဏ္ဍာတော်ထိန်း ကာဒီနယ် ကီဗင်ဖားရဲလ်က ထုတ်ပြန်ပါတယ်။

သက်တော် ၈၈ နှစ်ရှိပြီတဲ့ ပုပ်ရဟန်းမင်းကြီးဟာ အာဂျင်တီးနားနိုင်ငံက ဖြစ်ပြီး တောင်ကမ္ဘာခြမ်းနဲ့ အမေရိကတိုက်တွေကနေ တင်မြှောက်ခံရတဲ့ ပထမဆုံး ပုပ်ရဟန်းမင်းကြီး ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ ၂၀၁၃ ခုနှစ်ကစလို့ ရောမကက်သလစ်အသင်းတော်ရဲ့  ဦးသျှောင်တာဝန်ကို ထမ်းရွက်လာခဲ့တာ ၁၂ နှစ် ရှိပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ နမိုးနီးယား အဆုတ်ရောင်ရောဂါကြောင့်  ဆေးရုံစတက်ခဲ့ရတဲ့ ပုပ်ရဟန်းမင်းကြီးဟာ အီတလီနိုင်ငံ၊ ရောမမြို့မှာရှိတဲ့ ဂျင်မ်မယ်လီဆေးရုံမှာ   ၅ ပတ်တာ ကုသမှုခံယူခဲ့ရပြီး မကြာသေးခင်ကမှ ဆေးရုံကပြန်ဆင်းလာတာဖြစ်ပါတယ်။

ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက်လည်း ပုပ်ရဟန်းမင်းကြီးက ပါဝင်ကူညီ လှူဒါန်းခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး  ဖရန်စစ်ဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက မြန်မာနိုင်ငံ  ရန်ကုန်မြို့ကို လာရောက်ခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013