DVB Logo
Home
မြန်မာသတင်း
ဖလမ်းတိုက်ပွဲပြန် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ပြည်သူများက ကြိုဆိုဂုဏ်ပြု
DVB
·
April 21, 2025
ဖလမ်းတိုက်ပွဲပြန် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ပြည်သူများက ကြိုဆိုဂုဏ်ပြု
1 / 4
Donate to DVB

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ သွားရောက်အင်အားဖြည့် တိုက်ခိုက်ခဲ့ကြတဲ့ မန္တလေးတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဧပြီ ၂၀ ရက် မနက် ၁၁ နာရီက မြို့နယ် ၃ မြို့နယ်က ဒေသခံပြည်သူတွေ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းမှာရှိတဲ့ မြို့နယ် ၃ မြို့နယ်က ဒေသခံပြည်သူတွေနဲ့အတူ မြင်းခြံ MBT တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ကြိုဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

Myingyan Black Tiger တာဝန်ရှိသူ ဗိုလ်မိုက်ခဲက “ဖလမ်းမြို့သိမ်းတိုက်ပွဲကနေ မိမိတပ်ရင်းဌာနချုပ်ကို ပြန်လာတဲ့ခရီးမှာ ကြိုဆိုတာပါ။ တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကိုလည်း ဆေးကုသမှုတွေ ပြုလုပ်နေပြီး မြို့နယ် ၃ မြို့နယ်က ပြည်သူလူထုက သောင်းသောင်းဖြဖြ ကြိုဆိုတာတွေ ပြုလုပ်ခဲ့တာ” လို့ DVB ကို ပြောပါတယ်။

ရှေ့တန်း စစ်မြေပြင်မှာတော့ ရဲဘော်တွေက တောင်တန်း မြေပြန့် မခွဲခြားဘဲ မဟာမိတ်ဆိုတာထက် ကိုယ့်ရဲဘော်ရဲဘက် တဖွဲ့တည်းဆိုတဲ့ သဘောမျိုးနဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေးကိုသာ ရည်ရွယ်တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဧပြီ ၉ ရက်မှာ ချင်းညီနောင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းမှ တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့ဝင်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

ဖလမ်းမြို့ကို ချင်းညီနောင် တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဒေသအသီးသီက မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေက မိခင်တပ်ရင်းတွေကို ပြန်လည်ရောက်နေပြီလို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013