DVB Logo
Home
မြန်မာသတင်း
စစ်သားအဖြစ် ပေါ်တာဆွဲရခံသူ ၂ ဦး Loikaw Local PDF ထံ အလင်းဝင်
DVB
·
April 21, 2025
စစ်သားအဖြစ် ပေါ်တာဆွဲရခံသူ ၂ ဦး Loikaw Local PDF ထံ အလင်းဝင်
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပွန်မြို့နယ် အခြေစိုက် ခမရ ၅၁၇ တပ်ရင်းကနေ စစ်ကောင်စီတပ်သားအဖြစ် ပေါ်တာဆွဲခံရသူ ၂ ယောက် လွိုင်ကော်မြို့နယ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် Loikaw Local PDF ဆီမှာ ဧပြီ ၁၉ ရက်က ဘက်ပြောင်း ခိုလှုံခဲ့တယ်လို့ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်းအပတ်စဥ် ၅ နဲ့ ၆ က သင်တန်းဆင်း တပ်သား ၂ ယောက်က ကိုယ်ပိုင်အမှတ် ပစ - ၁၂၆၈၅၂ နဲ့ ပစ - ၁၂၅၀၂၇ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ ရှောင်တခင် ဖမ်းဆီးခံခဲ့ရပြီး ရှေ့တန်းကို ရောက်လာချိန်မှာ စစ်မတိုက်လိုတဲ့အတွက် ဘက်ပြောင်းခိုလှုံလာခဲ့ပြီး ခုလက်ရှိမှာတော့ လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

Loikaw Local PDF ပြန်ကြားရေးတာဝန်ခံက “CDM ကတော့ အခု ဒီ ၂၀၂၃ ကနေ ၂၀၂၅ အတွင်း အားလုံး ၈ ယောက်ရှိပြီပေါ့နော်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပြည်သူ့စစ်အဖြစ် အတင်းအဓမ္မ ပေါ်တာဆွဲခံရသူတွေက နီးစပ်ရာ တပ်ရင်းတွေကို ချိတ်ဆက်ပြီး လက်နက်ရှိ၊ လက်နက်မဲ့ အလင်းဝင်နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013