သြစတြေးလျနဲ့ ဗီယက်နမ်တို့ဟာ ၂ နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းအောင် ဆောင်ရွက်ဖို့ သဘောတူခဲ့ကြတယ်လို့ သြဂုတ် ၁၁ ရက်မှာ ပြောပါတယ်။
သြစတြေးလျ ဝန်ကြီးချုပ် အန်သိုနီအယ်လ်ဘန်နီးစ်က သြစတြေးလျနိုင်ငံဆီ တရားဝင်ခရီးစဉ်နဲ့ ရောက်နေတဲ့ ဗီယက်နမ်သမ္မတ တိုလမ်နဲ့အတူ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုခဲ့တာပါ။
ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်တွေကို အနှောင့်အယှက်ဖြစ်စေတဲ့၊ ကန့်သတ်ချက်ရှိတဲ့ ကုန်သွယ်ရေး ဆောင်ရွက်ချက်တွေအပေါ် ၂ နိုင်ငံစလုံးက စိုးရိမ်ပူပန်တယ်လို့လည်း ကြေညာချက်ထဲမှာ အယ်လ်ဘန်နီးစ်က ပြောပါတယ်။
အရေးကြီးတဲ့ သတ္တုတွေ၊ တပိုင်းလျှပ်ကူးပစ္စည်းတွေနဲ့ သန့်ရှင်းတဲ့ စွမ်းအင် အပါအဝင် နယ်ပယ်တွေမှာ ထောက်ပံ့ရေးကွင်းဆက်တွေကို ပံ့ပိုးဖို့ အတူတကွ ဆောင်ရွက်ရေး သဘောတူခဲ့ကြတယ်လို့လည်း ကြေညာချက်မှာ ထပ်ပြီး ဖော်ပြထားပါတယ်။
Source: Reuters










