DVB Logo
Home
မြန်မာသတင်း
သရက်ချောင်း ဝင်းဝ နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ
DVB
·
April 20, 2025
သရက်ချောင်း ဝင်းဝ နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ဝင်းဝကျေးရွာက စစ်ကောင်စီရဲ့ နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ မြေပြင်အခြေအနေကို သိရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက် မနက် ၆ နာရီခန့်မှာ မင်းဒပ်ကျေးရွာအုပ်စုအတွင်းက မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းပေါ်မှာရှိတဲ့ ဝင်းဝကျေးရွာ နယ်မြေရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ မြေပြင်ရဲဘော်တချို့က ဆိုပါတယ်။

အမည်မဖော်လိုတဲ့ မြေပြင်ရဲဘော်တယောက်က “ရဲစခန်းမှာက စစ်တပ်လည်း ထိုင်နေသလို ဂိတ်လည်းရှိတယ်။ တိုက်ပွဲက မနက်ကတည်းက ဖြစ်နေခဲ့တာ။ လေယာဉ်တက်လာတဲ့အတွက် တိုက်ပွဲ တခါနားပြီး ညနေမှ တခါပြန်ဖြစ်နေတာမျိုးပါ” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ညနေ ၄ နာရီဝန်းကျင်မှာ ပထမအကြိမ် ဗုံးသီး ၂ လုံး၊ ဒုတိယအကြိမ် ဗုံးသီး ၄ လုံးနဲ့ တိုက်ခိုက်မှု နှစ်ကြိမ် ရှိခဲ့ပြီး ည ၁၁ နာရီခွဲမှာ စစ်ကောင်စီက Y-12 လေယာဉ်နဲ့ တကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီရဲ့ ညဘက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဝင်းဝကျေးရွာရှိ စာသင်ကျောင်းကို ထိမှန်သွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား နှစ်ဖက်ထိခိုက်မှု အပါအဝင် ဒေသခံထိခိုက်မှုတွေ ရှိနေပေမဲ့ အတိအကျ အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

လက်ရှိ ဝင်းဝကျေးရွာမှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲကြောင့် ပြည်ထောင်စုကားလမ်းလည်း ဧပြီ ၁၈ ရက်ကတည်းက ပိတ်မိနေတယ်လို့ ဒေသခံတွေနဲ့ ခရီးသွားပြည်သူတချို့ထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013