DVB Logo
Home
နိုင်ငံတကာ
သမ္မတပူတင်၏ အပစ်အခတ်ရပ်စဲရေးကို ယူကရိန်းပြည်သူများ မယုံကြည်
DVB
·
April 20, 2025
သမ္မတပူတင်၏ အပစ်အခတ်ရပ်စဲရေးကို ယူကရိန်းပြည်သူများ မယုံကြည်
Donate to DVB

ရုရှားသမ္မတ ဗလာဒီမာပူတင်က ဧပြီ ၁၉ ရက်မှာ ကြေညာခဲ့တဲ့ အီစတာပွဲတော်အတွင်း ယူကရိန်းမှာ တရက် အပစ်အခတ်ရပ်စဲရေးအပေါ် မယုံကြည်ဘူးလို့ ပြည်တွင်းပြည်ပက ယူကရိန်း နိုင်ငံသားတွေက တညီတညွတ်တည်း ပြောလိုက်ကြပါတယ်။

ရိုက်တာသတင်းဌာနက ကောက်ယူခဲ့တဲ့ စစ်တမ်းထဲမှာ ယူကရိန်းနိုင်ငံက ကိယက်ဗ်နဲ့ ခါခိဗ်မြို့တို့က ဘယ်မြို့ခံကမှ အပစ်အခတ်ရပ်စဲရေးကို မယုံကြည်ကြောင်း ပြောခဲ့ကြတာပါ။

ရုရှားက အရင်ကတည်းက စကားမတည်သလို ကတိတွေကို မလိုက်နာခဲ့ဘူးလို့ လန်ဒန်ရောက် ယူကရိန်းတွေကရော ယူကရိန်းက ပြည်သူတွေကပါ ပြောခဲ့ပါတယ်။

တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ပူတင်ကို အယုံအကြည် မရှိသလို ရုရှားအစိုးရကလည်း ပြီးခဲ့တဲ့လက သဘောတူထားတဲ့ ရက် ၃၀ အပစ်အခတ်ရပ်စဲရေးကို လက်ခံသင့်တယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။

ရုရှားနဲ့ ယူကရိန်းအစိုးရတို့ စေ့စပ်ဆွေးနွေးဖို့ အလေးအနက်မထားရင် ရက်ပိုင်းအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စွန့်လွှတ်နိုင်တယ်လို့ အမေရိကန်အစိုးရက ပြောအပြီး ပူတင်က တဖက်သတ် အပစ်ရပ်ကြောင်း ကြေညာခဲ့ပါတယ်။

ပူတင်က မော်စကို စံတော်ချိန် စနေ ညနေ ၆ နာရီကနေ တနင်္ဂနွေည သန်းခေါင်အထိ တိုက်ပွဲတွေ ရပ်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

အီစတာပွဲတော်အတွက် အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးတဲ့နောက် ဧပြီ ၁၉ ရက် ညနှောင်းပိုင်းက ကိယက်ဗ်မြို့မှာ လေကြောင်းစီးနင်းတိုက်ခိုက်မှု တပ်လှန့်ဥဩသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ကို ထုတ်ပြန်ခဲ့အပြီး ဘယ်တိုက်ခိုက်မှုမှမရှိဘဲ ၁၅ မိနစ်အတွင်း သတိပေးချက်ကို ကိယက်ဗ် အာဏာပိုင်တွေက ရှင်းလင်းခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013