Home
သတင်းဓာတ်ပုံ
လူ ၇,၀၀၀ ကျော်ဖြင့် ကပြခဲ့သည့် ချင်းမိုင်ရိုးရာလက်သည်းရှည်အက ဂင်းနစ်ကမ္ဘာ့စံချိန်တင် (ဓာတ်ပုံ)
DVB
·
April 20, 2025

ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် ချင်းမိုင်မြို့ ၇၂၉ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ကခြေသည်ပေါင်း ၇,၂၁၈ ယောက်နဲ့ လန်းနားလက်သည်းရှည်အက ကပြခဲ့ရာ ဂင်းနစ် ကမ္ဘာ့စံချိန် တင်သွားခဲ့ပါတယ်။

ဧပြီ ၁၉ ရက် ညနေပိုင်းမှာ ချင်းမိုင်းမြို့ရိုးအတွင်းက ဘုရင်သုံးပါးရုပ် အမျိုးသားအထိမ်းအမှတ် ရင်ပြင်နဲ့ ကျုံးပတ်လည်ရှိ လမ်းမတွေမှာ ထိုင်းလန်းနား ရိုးရာ လက်သည်းရှည်အကကို ကပြဖျော်ဖြေခဲ့ကြတာဖြစ်ပြီး Largest Thai Dance in Chiang Mai, Thailand 2025 အမည်နဲ့ ဂင်းနစ် ကမ္ဘာ့စံချိန်စာအုပ်မှာ စံချိန်တင် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။

Photo : Myat Thu Aung

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024