
အီကွေဒေါနိုင်ငံ ကမ်းရိုးတန်းပြည်နယ် မနာဘိမှာ တိုက်ခိုက်မှုတခုအတွင်း အနည်းဆုံး လူ ၁၂ ယောက် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဧပြီ ၁၈ ရက်မှာ ပြောပါတယ်။
ကြက်တိုက်ပွဲကြည့်ရှုကြတဲ့ လူများစုဝေးရာ ကြက်တိုက်ကွင်းမှာ ညတွင်းချင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ဒဏ်ရာရရှိသူတွေကိုလည်း ကျန်းမာရေးဌာနကို ခေါ်ဆောင်သွားပေမဲ့ လူဘယ်လောက်ရှိတယ် ဆိုတာကို အတိအကျ မပြောနိုင်သေးကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
အခင်းဖြစ်ပွားရာ နေရာကို စုံစမ်းရေးတပ်ဖွဲ့ဝင်တွေ ရောက်ရှိနေပြီး သတင်းစုဆောင်းဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ဖို့ ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ပြောကြားပါတယ်။
ကျူးလွန်သူတွေဟာ စစ်ဝတ်စုံတွေကို စွန့်ပစ်ခဲ့ကြပြီး တိုက်ခိုက်မှုအပြီးမှာ သူတို့ရဲ့ မောတော်ယာဉ်တွေကို မီးရှို့ခဲ့ကြတယ်လို့ အီကွေဒေါရဲတပ်ဖွဲ့ရဲ့ အမှတ် ၄ နယ်မြေဇုန် တပ်မှူး ရီနန် မစ်လာက ပြောကြားခဲ့ပါတယ်။
Source: Reuters