DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် စစ်မှုထမ်းအပတ်စဥ် ၁၂ အတွက် လူငယ်များကို သင်တန်းကျောင်းပို့
DVB
·
April 19, 2025
ရန်ကုန်တွင် စစ်မှုထမ်းအပတ်စဥ် ၁၂ အတွက် လူငယ်များကို သင်တန်းကျောင်းပို့
1 / 2
Donate to DVB

ရန်ကုန်မှာ စစ်မှုထမ်းအပတ်စဥ် ၁၂ အတွက် လူငယ်တွေကို ဧပြီ ၁၉ ရက် မနက်က လှည်းကူး၊ တိုက်ကြီးနဲ့ ရဲမွန်တပ်ရှိ စစ်သင်တန်းကျောင်းတွေကို ပို့ဆောင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လှည်းကူးမြို့နယ် ရဲမွန်တပ်မြို့မှာရှိတဲ့ ကိုယ်ခံပညာနှင့်အားကစားသိပ္ပံ(ရဲမွန်) နဲ့ ခြေလျင်နှင့် လက်နက်ကြီး အကူသင်တန်းကျောင်း(ရဲမွန်) ကို ဧပြီး ၁၉ ရက် ဒီကနေ့ မနက် ၁၀ နာရီက စစ်ကား ၇ စီးနဲ့ လူငယ်တွေကို ပို့ဆောင်ခဲ့တယ်လို့ ဇရပ်ကွင်းမှာ နေထိုင်သူတယောက်က DVB  ကို ပြောပါတယ်။

“စစ်ကား ၇ စီးနဲ့လာပို့တာ။ ၄ စီးက ခြေလျင်နဲ့လက်နက်အကူကျောင်းကို ပို့တာ၊ နောက် ၃ စီးက ကိုယ်ခံပညာနဲ့ အားကစားသိပ္ပံကို ပို့တာ။ လူတွေအများကြီး၊ တပ်မ ၁၁ က လုံခြုံရေးယူပေးတာ။” 

လှည်းကူးမြို့နယ် မင်းကုန်းအခြေစိုက် စခတ ၁ လေ့ကျင့်ရေးကျောင်းလည်း ဒီနေ့မနက် ၈ နာရီက စစ်ကား ၃ စီးနဲ့ လူငယ် ၃၀၀ ကျော်ကို လာရောက်ပို့ဆောင်ခဲ့တယ်လို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။

“ငလျင်ဖြစ်နေတော့ သင်တန်းတွေ နားထားတယ် ထင်တာ၊ မနားဘူး။ မနက်က လူငယ်တွေကို ကား ၃ စီးနဲ့ လာပို့သွားတယ်။”

အလားတူပင် တိုက်ကြီးမြို့နယ် ဂျိုးဖြူအခြေစိုက် အမှတ် ၁ တန်းမြင့်လေကျင့်ရေးကျောင်းကိုလည်း ဒီကနေ့ မနက် ၁၀ နာရီမှာ စစ်ကောင်စီက လူငယ်တွေကို စစ်ကား ၄ စီးနဲ့ လာရောက်ပို့ဆောင်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လက်ရှိ ရန်ကုန်မှာ စစ်ကောင်စီက အမှတ် ၁ စစ်အခြေခံလေကျင့်ရေးတပ် (မင်းကုန်း)၊ အမှတ် ၁ တန်း မြင့်လေကျင့်ရေးကျောင်း(ဂျိုး ဖြူ)၊ ကိုယ်ခံပညာနှင့်အားကစားသိပ္ပံ (ရဲမွန်) နဲ့ ခြေလျင်နှင့် လက်နက်ကြီး အကူသင်တန်းကျောင်း (ရဲမွန်) တွေမှာ စစ်မှုထမ်းတွေကို သင်တန်းပေးနေတာပါ။

စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က လူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေကို ထုတ်ပြန်ခဲ့ပြီး မတ် ၂၈ ရက်မှာ စတင်သင်တန်းပေးခဲ့ရာ အခုဆို အပတ်စဥ် ၁၁ အထိ ရောက်လာပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013