
ပီရူးအာဏာပိုင်တွေဟာ ဩဂုတ် ၁ ရက်က နက်ဇ်ကာမြို့အနီး လေယာဉ်ပျက်ကျမှုမှာ သေဆုံးသွားတဲ့ လေယာဉ်မှူးရဲ့ ရုပ်အလောင်းကို ဩဂုတ် ၄ ရက်မှာ ပြန်ထုတ်ပေးခဲ့ပြီး သူနဲ့အတူ သေဆုံးခဲ့တဲ့ ခရီးသွားတွေကိုလည်း ဘယ်သူဘယ်ဝါ စိစစ်ဖော်ထုတ်နေပါတယ်။
အခင်းဖြစ်ပွားပြီးနောက်မှာ လေယာဉ်မှူးရဲ့ အထောက်အထားကို သွားဘက်ဆိုင်ရာမှတ်တမ်းတွေနဲ့ မနုဿဗေဒ ဆန်းစစ်ချက်တွေကနေတဆင့် အတည်ပြုနိုင်ခဲ့တယ်လို့ အိကာမြို့ရဲ့ ဥပဒေရေးရာ ဆေးဖက်ဆိုင်ရာဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မားကော့စ် ကွဲတိုက ပြောပါတယ်။
တွဲဖက်လေယာဉ်မှူး အီရန်ကာ ဒဲလ် ကာပီယို ဂွါနီလိုရဲ့ ရုပ်အလောင်းကို စိစစ်ဖော်ထုတ်မှု ဆက်လုပ်ဆောင်နေတုန်းပဲလို့လည်း ဆိုပါတယ်။
လေယာဉ်ပျက်ကျမှုမှာ သေဆုံးခဲ့တဲ့ ဥရောပ ခရီးသွား ၁၁ ယောက်ရဲ့ ဇီဝဗေဒဆိုင်ရာ နမူနာတွေကို တော့ ပြည်ပမှာရှိတဲ့ ဆွေမျိုးတွေနဲ့ တိုက်ဆိုင်စစ်ဆေးနိုင်ဖို့ အယာကူချိုမြို့မှာရှိတဲ့ ဓာတ်ခွဲခန်း တခု ကို ပေးပို့ထားကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
စပိန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပီရူးနိုင်ငံ ခရီးသွားလာရေး အကြံပြုချက်တွေထဲမှာ နက်ဇ်ကာ မျဉ်းကြောင်းတွေအပေါ် လေယာဉ်စီးပြီး ကြည့်ရှုတာမျိုး မလုပ်ဖို့ အကြံပြုထားပါတယ်။
နက်ဇ်ကာ မျဉ်းကြောင်းတွေ ဆိုတာဟာ ပီရူးနိုင်ငံ တောင်ဘက်ပိုင်းက သဲကန္တာရမြေပြင်ပေါ်မှာ ရှေးခေတ်က ဆွဲခဲ့ကြတဲ့ ဧရာမ မြေပြင်ရုပ်ပုံကားချပ်ကြီးတွေဖြစ်ပြီး မြေပြင်ပေါ်မှာ မတ်တပ် ရပ်ကြည့်ရင် ရုပ်ပုံမှန်း မသိသာဘဲ လေယာဉ် သို့မဟုတ် မိုးပျံပူပေါင်းစီးပြီး အပေါ်စီးကနေ ကြည့်မှသာ မြင်ရတာ ဖြစ်ပါတယ်။
ဒေသတွင်း လေယာဉ်တွေဟာ ဥရောပရဲ့ ထိန်းသိမ်းပြုပြင်မှုနဲ့ ဘေးကင်းလုံခြုံရေး စံချိန်စံညွှန်းတွေ ကို မမီဘူးဆိုတဲ့ စိုးရိမ်ချက်ကြောင့် ဖြစ်ပေမဲ့ ဒီသတိပေးချက်ဟာ မတော်တဆမှု မတိုင်မီ သို့မဟုတ် မတော်တဆမှုအပြီးမှာ ထုတ်ပြန်ခဲ့တာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
မှုခင်းဆေးပညာအဖွဲ့တွေဟာ ပျက်ကျခဲ့တဲ့နေရာကနေ ရရှိခဲ့တဲ့ တင်ပါးဆုံရိုးတုပေါ်က သီးသန့် ကုဒ်နံပါတ် တခုကနေတဆင့် နိုင်ငံခြားသား ခရီးသည်တယောက်ကို ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။
သက်ဆိုင်ရာ အမှုအသီးသီးအတွက် သိပ္ပံနည်းကျ အတည်ပြုချက်တွေ ပြီးစီးသွားတာနဲ့အမျှ တခြား ရုပ်အလောင်းတွေကိုလည်း အင်္ဂါနေ့မှာ ထပ်မံထုတ်ပေးသွားဖို့ အစိုးရရှေ့နေရုံးက မျှော်လင့် ထားပါတယ်။
Source: Reuters










