DVB Logo
Home
မြန်မာသတင်း
အင်းလေးဒေသတွင် ငလျင်လှုပ်ခတ်ပြီးနောက် ဝါးဈေးနှုန်းအဆမတန် မြင့်တတ်
DVB
·
April 19, 2025
အင်းလေးဒေသတွင် ငလျင်လှုပ်ခတ်ပြီးနောက် ဝါးဈေးနှုန်းအဆမတန် မြင့်တတ်
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် ဝါးဈေးနှုန်း အဆမတန် မြင့်တက်လာတယ်လို့ သိရပါတယ်။

ငလျင်မလှုပ်ခင်က ဝါးတလုံးကို ကျပ် ၆,၀၀၀ ကနေ ကျပ် ၁၀,၀၀၀ ကြားသာရှိရာက လက်ရှိမှာတော့ ဝါးလှ၊ မလှပေါ် မူတည်ပြီး ဝါးတလုံးကို ကျပ် ၁၅,၀၀၀ မှ ကျပ် ၁၈,၀၀၀ အထိ ဈေးမြင့်တက်သွားတယ်လို့ သိရပါတယ်။

အိမ်ပြိုသွားတဲ့ အမျိုးသားတယောက်က “ခုလို ဈေးတွေ တက်နေတော့ ကျနော်တို့ ဒုက္ခအတော်လေးရောက်ပါတယ်။ အိမ်ပြန်ဆောက်ဖို့လည်း အဆင်မပြေဘူး။ ခုလို ဒုက္ခတွေ ရောက်နေတဲ့ချိန်မှ အဲဒီလိုမျိုးတွေ မလုပ်စားကြပါနဲ့ တောင်းပန်ပါတယ်”လို့ ပြောပါတယ်။

ဝါးဈေးတက်တဲ့အပြင် သက်ကယ်ဈေးလည်း ၂ ဆ မြင့်တက်နေပြီး နန်းပန်စျေးရှိ ဝါးနဲ့ သက်ကယ်ကို ခုတလော ရောင်းမလောက်ဖြစ်နေတယ်လို့ ပြောပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက် အင်းလေးဒေသမှာ အိမ်ဆောက်ပစ္စည်း ဈေးနှုန်းမြင့်တက်မှုတွေကြောင့် အင်းလေးဒေသခံတွေ အခက်အခဲဖြစ်နေရတယ်လို့ ပြောပါတယ်။

မတ် ၂၈ ရက်က လှုပ်ခတ်တဲ့ ငလျင်ကြောင့် အင်းလေးဒေသမှာ ဘုန်းကြီးကျောင်း၊ ဟိုတယ် အပါအဝင် လူနေအိမ် ၃၂၅၅ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013