တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ဧပြီ ၉ ရက်ကနေ ၁၀ ရက်အထိ မြောက်ကိုရီးယားနိုင်ငံကို သွားလည်မယ်လို့ ဝန်ကြီးဌာနက ဧပြီ ၈ ရက်မှာ ပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ၊ ရုရှားရဲ့ ယူကရိန်းကျူးကျော်မှုအပြီး အေးစက်သွားတဲ့ ဆက်ဆံရေးကို ပြန်အသက်သွင်းဖို့ အရှေ့အာရှ အိမ်နီးချင်းတွေရဲ့ ကြိုးပမ်းချက်တွေကို ဒီခရီးစဉ်က ညွှန်ပြနေပါတယ်။
မြောက်ကိုရီးယားဆီ တရုတ်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဝမ်ယိရဲ့ နောက်ဆုံး လူသိရှင်ကြား ခရီးစဉ်မှာ ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှာဖြစ်ပြီး နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်တွေ အပြန်အလှန် လည်ပတ်အပြီးမှာ သွားခဲ့တာပါ။
ကိုဗစ်-၁၉ ကပ်ရောဂါက အပြန်အလှန် ဖလှယ်မှုတွေကို ရပ်တန့်စေပြီးတဲ့နောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ရုရှားအစိုးရနဲ့ ဆက်ဆံရေးကို ပြန်တည်ဆောက်ခဲ့ပါတယ်။
ရုရှားရဲ့ ယူကရိန်းစစ်ပွဲ ကြိုးပမ်းချက်တွေကို ထောက်ခံတဲ့အနေနဲ့ တပ်ဖွဲ့ဝင်တွေနဲ့ လက်နက်တွေ ပို့ပေးခဲ့ပြီးတဲ့နောက် တရုတ်အစိုးရက မြောက်ကိုရီးယားအစိုးရကို သူ့ဆီ ပြန်ဆွဲဆောင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
၂၀၂၀ ခုနှစ်မှာ ကပ်ရောဂါ စဖြစ်တည်းက ခုထိ ၆ နှစ်ကြာ ရပ်ဆိုင်းထားပြီးတဲ့နောက် ပေကျင်းနဲ့ ပြုံယမ်းအကြား ခရီးသည်တင်ရထားဝန်ဆောင်မှုကို မတ်လမှာ ပြန်စခဲ့ပါတယ်။
တရုတ်နိုင်ငံ အလံတင် လေကြောင်းလိုင်း Air China ဟာလည်း မြို့တော်နှစ်ခုကြား လေယာဉ်ခရီးစဉ်တွေကို ပြန်စတင်ခဲ့ပါတယ်။
Source: Reuters










