
ဖိလစ်ပိုင်အနောက်ပိုင်း ပြည်နယ်တခုမှာ လူ ၂၅ ယောက် တင်ဆောင်လာတဲ့ သောင်တူးသင်္ဘောတစီး လွန်ခဲ့တဲ့ ၂ ရက်က တိမ်းမှောက်ခဲ့ပြီးနောက် တရုတ်အမျိုးသားတယောက် အပါအဝင် လူ ၄ ယောက် သေဆုံးပြီး ၇ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် (PCG) က ဧပြီ ၁၇ ရက်မှာ ပြောပါတယ်။
ချောဆီ လီတာ ၂,၀၀၀ နဲ့ ဒီဇယ်လီတာ ၃၀,၀၀၀ တို့ကို သယ်ဆောင်လာတဲ့ MV ဟုန်ဟိုင်း 16 သင်္ဘောဟာ ဧပြီ ၁၅ ရက်က အော့ခ်စီဒန်တဲလ် မင်ဒိုရို ကမ်းလွန်ရေပြင်မှာ တိမ်းမှောက်ခဲ့တာ ဖြစ်ပြီး ဆီယိုဖိတ်မှုကို တားဆီးကာကွယ်ဖို့ ကြိုးပမ်းနေကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် PCG က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ကြာသပတေးနေ့က ရေငုပ်သမားတွေဟာ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေရင်း နောက်ထပ် ရုပ်အလောင်း ၂ လောင်းကို ရှာဖွေတွေ့ရှိခဲ့လို့ သေဆုံးသူ ၄ ယောက်အထိ ရှိလာခဲ့ကြောင်း PCG က ပြောပါတယ်။
သင်္ဘောပေါ်မှာ ဖိလစ်ပိုင်နိုင်ငံသား ၁၃ ယောက်နဲ့ တရုတ် သင်္ဘောအမှုထမ်း ၁၂ ယောက် လိုက်ပါလာပြီး သူတို့ထဲက ဖိလစ်ပိုင်နိုင်ငံသား ၆ ယောက်နဲ့ တရုတ်နိုင်ငံသား ၈ ယောက်တို့ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း PCG က ပြောပါတယ်။
Source : Reuters