DVB Logo
Home
နိုင်ငံတကာ
စစ်ပွဲအဆုံးသတ်ရေး လက်ကျန်ဓားစာခံအားလုံး လွှတ်ပေးရန် အသင့်ရှိဟု ဟားမတ်စ် ပြော
DVB
·
April 18, 2025
စစ်ပွဲအဆုံးသတ်ရေး လက်ကျန်ဓားစာခံအားလုံး လွှတ်ပေးရန် အသင့်ရှိဟု ဟားမတ်စ် ပြော
Donate to DVB

ဂါဇာနယ်မြေအတွင်း စစ်ပွဲကို လုံးဝအဆုံးသတ်ဖို့ ကြိုးပမ်းမှုအနေနဲ့ သဘောတူညီထားတဲ့ ပါလက်စတိုင်း အကျဉ်းသားအရေအတွက်အတိုင်း အစ္စရေးရဲ့ လက်ကျန်ဓားစာခံတွေ အားလုံးနဲ့ လဲလှယ်မယ့် သဘောတူညီချက်ကို ချက်ချင်းညှိနှိုင်းဖို့ အဆင်သင့်ပဲလို့ ဟားမတ်စ်အဖွဲ့ရဲ့ ဂါဇာအကြီးအကဲက ဧပြီ ၁၇ ရက် ညနေပိုင်းမှာ ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ အစ္စရေးအစိုးရဟာ သူ့ဓားစာခံတွေရဲ့အသက်ကို စတေးရတယ် ဆိုရင်တောင် စစ်ပွဲကို ဆက်ဖြစ်စေဖို့ ဆိုတဲ့အပေါ် အခြေခံပြီး နေတန်ယာဟုရဲ့ နိုင်ငံရေးအစီအစဉ်အတွက် တစိတ်တပိုင်း သဘောတူညီချက်တွေကို ကာဗာအဖြစ် အသုံးပြုနေကြောင်း စွပ်စွဲခဲ့ပြီး ဟားမတ်စ်အဖွဲ့ဟာ ဒီလို ကြားဖြတ်အပစ်အခတ်ရပ်စဲရေး တစိတ်တပိုင်း သဘောတူညီချက်ကို ငြင်းဆိုခဲ့တယ်လို့လည်း ဟားမတ်စ် စေ့စပ်ရေးအဖွဲ့ကို ဦးဆောင်သူ ခါလိလ် အယ်လ်-ဟေယာက ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောပါတယ်။

တနင်္လာနေ့က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အပစ်အခတ်ရပ်စဲရေးနဲ့ အစ္စရေးဓားစာခံတွေ လွတ်မြောက်ရေးတို့အတွက် နောက်ဆုံးအကြိမ် ဆွေးနွေးပွဲဟာ သိသိသာသာ အောင်မြင်မှုမရှိဘဲ ပြီးဆုံးခဲ့ကြောင်း ပါလက်စတိုင်းနဲ့ အီဂျစ်သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။

အီဂျစ်နဲ့ ကာတာ စေ့စပ်ညှိနှိုင်းသူတွေဟာ ဓားစာခံ ၁၀ ယောက်လောက်ကို လွှတ်ပေးဖို့နဲ့ ယာယီ အပစ်အခတ်ရပ်စဲရေး ပါ၀င်တဲ့ သဘောတူညီချက်အသစ် တရပ်ကို ဟားမတ်စ်ကို တင်ပြခဲ့ကြောင်း အစ္စရေးအစိုးရပိုင်ရုပ်သံက တနင်္လာနေ့မှာ ဖော်ပြပါတယ်။

ဟားမတ်စ်ကလည်း အဆိုပြုချက်ကို ပြန်လည်သုံးသပ်နေပြီး အတွင်းပိုင်း ညှိနှိုင်းမှုတွေ ပြီးသွားရင် သူ့ရဲ့တုံ့ပြန်ချက်ကို တင်သွင်းမှာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အင်္ဂါနေ့က အစ္စရေးဟာ သူတို့ရဲ့တည်နေရာကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်မှုပြီးနောက် အစ္စရေး-အမေရိကန် ဓားစာခံ အီဒန် အလက်ဆန်ဒါကို ဖမ်းထားတဲ့အဖွဲ့နဲ့ အဆက်အသွယ် ပြတ်သွားတယ်လို့ ဟားမတ်စ်က ပြောပါတယ်။

ဂါဇာမှာ ထိန်းသိမ်းခံထားရဆဲ ဓားစာခံတွေ လွတ်မြောက်ရေးအတွက် အစ္စရေး စေ့စပ်ညှိနှိုင်းရေးမှူးတွေကို ဂါဇာကမ်းမြောင်ဒေသမှာ ဆက်လက်ထားရှိဖို့ ဝန်ကြီးချုပ် နေတန်ယာဟုရဲ့ ရုံးခန်းက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013