
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွမ်ရှီးဒေသမှာ မေ ၁၈ ရက်က ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၂ ရှိတဲ့ ဒုတိယမြောက် ငလျင်တခု ထပ်မံလှုပ်ခတ်သွားခဲ့တယ်လို့ တရုတ်ငလျင်တိုင်းတာရေးဗဟိုဌာနက ပြောပါတယ်။
အဲဒီဒေသမှာပဲ တနင်္လာနေ့ အစောပိုင်းတုန်းကလည်း အလားတူပမာဏရှိတဲ့ ငလျင်တခု အရင်လှုပ်ခတ်သွားခဲ့သေးတာကြောင့် လူ ၂ ယောက် သေဆုံးခဲ့ရပါတယ်။
နိုင်ငံပိုင်ရုပ်သံလိုင်း CCTV က မေ ၁၉ ရက်မှာ ထုတ်လွှင့်ပြသခဲ့တဲ့ ပုံတွေထဲမှာတော့ အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်းတွေဟာ အပျက်အစီးတွေကို ရှင်းလင်းနေကြပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းထားတဲ့ ဒေသခံတွေကတော့ အရေးပေါ် တဲတွေထဲမှာ သောက်သုံးရေ လာရောက်ယူဆောင်နေကြတာကို တွေ့ရပါတယ်။
ကွမ်ရှီးဒေသက အာဏာပိုင်တွေဟာ ဒေသခံ ပြည်သူ ၄,၀၀၀ ကျော်အတွက် နေရာပေါင်း ၉၉ နေရာမှာ ယာယီခိုလှုံရာစခန်းတွေ ဖွင့်လှစ်ပေးထားပြီး အနည်းဆုံး လူပေါင်း ၇,၀၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားတယ်လို့ CCTV က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Source: Reuters










