
ဆူဒန်နိုင်ငံဟာ လက်ရှိ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး အိုးမဲ့အိမ်မဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံတွင်း ပဋိပက္ခတွေကြောင့် လူပေါင်း ၁၃ သန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
ဧပြီ ၁၅ ရက်ကစပြီး အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်နေရသူ ၄ သန်းနီးပါး ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) က တနင်္လာနေ့မှာ သတင်းထုတ်ပြန် ပါတယ်။
တောင်ဆူဒန်၊ ချဒ်နဲ့ ယူဂန်ဒါတို့လို နိုင်ငံတွေက ဒုက္ခသည်စခန်းတွေမှာ အထူးသဖြင့် ထိခိုက်လွယ်တဲ့ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အပါအဝင် လူတွေ ဆိုးဆိုးရွားရွား ပြည့်ကျပ်နေပြီး ဆူဒန်နိုင်ငံထဲမှာ သန့်ရှင်းတဲ့ သောက်သုံးရေရဖို့ ရုန်းကန်နေရဆဲဖြစ်တယ်လို့ UNHCR ပြောရေးဆိုခွင့်ရှိသူ အိုလ်ဂါ ဆာရာဒိုက မကြာသေးမီက ပြောပါတယ်။
အရှေ့ဘက်ကမ်းရိုးတန်းတလျှောက်မှာရှိတဲ့ ဆူဒန်ဆိပ်ကမ်းဟာ တိုက်ရိုက် တိုက်ခိုက်ခံရတာ မရှိဘဲ တည်ငြိမ်နေလို့ ဆူဒန်ဒုက္ခသည်တွေအတွက် အဓိကစုဝေးရာ နေရာတခု ဖြစ်လာပါတယ်။
ဒေသဆိုင်ရာ အာဏာပိုင်တွေက ဒါဇင်နဲ့ချီတဲ့ ဒုက္ခသည်စခန်းတွေကို ထူထောင်ထားပြီး ပဋိပက္ခဇုန်တွေကနေ ထွက်ပြေးလာသူ ၂ သိန်းကျော်အတွက် ခိုလှုံစရာနေရာတွေ ပေးထားပါတယ်။
Source : Reuters