ပါကစ္စတန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့က မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေးဆေးရုံကို ထိမှန်ခဲ့ပြီး လူအများအပြား သေဆုံးဒဏ်ရာရခဲ့တယ်လို့ အာဖဂန် တာလီဘန် ပြောရေးဆိုခွင့်ရှိသူတယောက်က မတ် ၁၆ ရက်မှာ ပြောပါတယ်။
ကဘူးလ်မြို့ရဲ့ ကောင်းကင်မှာ မနေ့က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေကို မြင်တွေ့ရပြီး ပေါက်ကွဲသံတွေကို ကြားရပါတယ်။
တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်ဒ်က ပါကစ္စတန်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အာဖဂန်နစ္စတန် လေပိုင်နက်ကို ချိုးဖောက်ပြီး တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
ဒါဟာ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတခုဖြစ်ပြီး နိုင်ငံတကာစံနှုန်းတွေကို ချိုးဖောက်တာပဲလို့လည်း သူကပြောပါတယ်။
စုံစမ်းစစ်ဆေးမှုတွေ၊ နိုင်ငံတကာတုံ့ပြန်မှုတွေ ပေါ်လာဖို့ မျှော်လင့်ရပါတယ်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားဘေးကင်းရေးနဲ့ ဒေသတွင်းတင်းမာမှုတွေ မြင့်တက်လာတဲ့အပေါ် စိုးရိမ်စိတ်တွေလည်း မြင့်တက်လာပါတယ်။
ပါကစ္စတန်အစိုးရ၊ သတင်းအချက်အလက်ဝန်ကြီးဌာနနဲ့ စစ်တပ်တို့ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းမတုံ့ပြန်ပါဘူး။
Source: Reuters










